"ဟူး"
အိုခေ ဒီတစ်ခေါက်သက်ပြင်းချတာနဲ့ဆို 45ခါရှိပြီ။ ပွန်တစ်ယောက်တည်းမို့ ဒီမနက် သူ့တိုက်ခန်းလာတာ။ မနက်ကတည်းက ပွန်က ဆိုဖာပေါ်မှာထိုင်ပြီး တောင်ကြည့်မြောက်ကြည့်နဲ့ သက်ပြင်းချနေတာ...
သူ့လည်းရှိပုံမပေါ် သူဟာသူ သက်ပြင်းခဏခဏချနေတာ သူတောင် အရက်နာကျ ဒီကောင့်ထက် active ဖြစ်သေးတယ်။ ခုဒီကောင့်ကျ လဒကြီးမှိုင်နေတဲ့အတိုင်းပဲ "ဟူး"... ဟော်ထပ်ကြားရပြန်ပြီ သက်ပြင်းချသံ ဒါဆို46ခါ
Pond 's side:
ဟင်း အသက်မရှိတဲ့နေ့ရက်တွေက ကျတော့်အတွက်အဆင်မပြေလှပါဘူး။ တိုက်ခန်းတစ်ခန်းလုံးလည်း သူ့ခြေရာတွေကြည့်ပဲလားမသိ ခဏခဏမြင်ယောင်နေမိတယ်။
ရေချိုးခန်းထဲရောက်ရင် "ဟာ မောင် shampoo ကုန်နေပြီမလား ကုန်တဲ့ဘူးခွံကိုလွှင့်လေကွာ"ဆိုတဲ့ ဆူပုပ်"ပြောနေတဲ့မျက်နှာလေးနဲ့ ပုံရိပ်ကိုသူမြင်မိတယ်။ ဘာထူးလဲ ခုထိုင်နေတဲ့ ဆိုဖာပေါ်တောင် ညဘက်သူတို့နှစ်ယောက် Tvကြည့်ရင် ဖူဝင်းပေါင်ကိုကျတော်ခေါင်းအုံးပြီး ကြည့်တတ်တယ်။ အဲ့လိုအချိန်တိုင်း ဖူဝင်းက ကျတော့်ဆံပင်လေးကိုဖွဖွကိုင်ပြီး "မောင် မင်းဆံပင်တွေရှည်နေပြီနော် ငါ့ရဲ့ pangpond လေးဆံပင်ညှပ်သင့်ပြီ"ဆိုတဲ့စကားသံတွေ။ "ဟူး" သူရူးတော့မှာပဲ။ ကျတော်ကသာဖြစ်နေတာ သင်းကလေးကဖြစ်ပါ့မလား။ သူ့ရဲ့ အနာဂတ်ရည်းစားနဲ့ခုချိန်စကားပြောနေမလား။ တွေးရင်းပွန့်လက်သီးတင်းတင်းဆုပ်မိတယ်။
"တင်းတောင်"
"ဟော ဘဲလ်သီးသံ"
ဘယ်ချိန်ကတည်းက အပြင်သွားချင်နေလဲမသိ ဘဲလ်သီးသံကြားတာနဲ့ တစ်ချိုးတည်းချက်ချင်းထသွားတဲ့ ဒန့်။ အဲ့လိုပါပဲ သူစိမ်းက အသက်လောက်ကျတော့်ခံစားချက်တွေထည့်တွက်ပါ့မလား...ဟင်း....
ခဏနေတော့ ဒန့်နဲ့အတူ ဖို့ပါလာတယ်။အနောက်က ကျတော်မမှားရင် ဟိုဖုန်းထဲကအကောင်"မင်းဘာလာလုပ်တာလဲ"
"ဟိုကောင် မင်းအေးဆေးထိုင်နေ သူတို့ရှင်းပြတာနားထောင် တကယ်တဲမှပဲ"
ကောင်းထန်မြင်တာနဲ့ ခက်ထန်သွားတဲ့မျက်နှာနဲ့ ထိုးတော့မယ့်အမူအရာကြောင့် ဒန့်မှာ ဟန့်လိုက်ရတယ်။