Part 8

1.6K 89 20
                                        

" ဖူဝင်း ငါ့ကို.. စောင့်ပါဦး"
ဂျွန်က ထိုစကားကို ခါးလေးထောက်အသက်ကိုလုရှူပြီးပြောလာတယ်။ တကယ်သူမပြောလို့မဖြစ်တော့ဘူး။ သူမောလွန်းလို့အသက်ထွက်တော့မယ်။ ဓာတ်‌လှေကားမှာလူပြည့်နေလို့ ခဏစောင့်လိုက်ပါလို့ပြောတာတောင် နောက်ကျနေလိမ့်မယ် မစောင့်နိုင်ဘူး‌ပြောပြီး လှေကားကနေအတင်းတက်သွားတယ်။ ဘာတွေလောမှန်းမသိ။ လှေကားပေါ်တက်သွားတာများ လွှားခနဲ့ လွှားခနဲ။ တကယ်ပါ ဂျွန်အာချန်ဆိုတဲ့ သူ့အဖြစ်က လူနာလာမေးရင်း လူနာပြန်ဖြစ်ရတော့မယ့်ကိန်း....

ဓာတ်လှေကားမရလို့ လှေကားကတက်ပြီး nurseမလေးကိုမေးပြီးအခန်းနံပါတ်သိရတာနဲ့ မြန်မြန်ပဲ အခန်းထဲ ကျတော်တို့ရောက်လာခဲ့တယ်။ အခန်းထဲရောက်တော့ ကုတင်ပေါ် ပွန်က ခြေကျင်းဝတ်နဲ့ လက်ကောက်ဝတ်နားပတ်တီးအဖွေးသားနဲ့ လှဲအိပ်နေတယ်။ ကျတော်တို့လာတာမြင်တော့ ဒန့်က

"ရှူးတိုးတိုး မောဝ်ဆေးထိုးထားလို့ ပွန်ခုလေးတင်အိပ်ပျော်သွားတယ်။"ဆိုပြီး အသံပိစိလေးနဲ့ဆိုလာတယ်။

အဲ့နောက် ကျတော်နဲ့ ဂျွန်လည်း ထိုင်ခုံပေါ်ဝင်ထိုင်လိုက်ပြီး ခဏအကြာဂျွန်က မေးလာလေတယ်။

"နေပါဦး ဘယ်သူက ဆိုင်ကယ်စီးတာလဲ"

"ငါလေ"

"အေးလေ ဆိုင်ကယ်စီးတာချင်းတူတူမင်းက ဘယ်လိုဖြစ်လို့ ပွန်းရုံလောက်ပဲလဲ"

ဟုတ်တယ် ဒီကိစ္စကိုဖူဝင်းလည်းမေးချင်နေတာ။ ဘယ်နှယ့်နှစ်ယောက်တူတူစီးတာပွန်က ပတ်တီးအဖွေးသားနဲ့ အမှန်ဆို ဆိုင်ကယ်စီးသူက အနည်းနဲ့အများတော့ ထိရမယ်မလား။

"အဟဲ ဒါက ဒီလိုရှိတယ်။ ဟိုဟာလေ အဲ့လိုဖြစ်တုန်းက ငါက အနောက်လှည့်ပြီး ပွန့်ကိုပြောတဲ့အချိန်၊ ကားနဲ့တိုက်တော့မယ့်အကြောင်း ပွန်ကအော်တယ်လေ။ အဲ့တာနဲ့ ငါလည်းလန့်ပြီး ဆိုင်ကယ်ပေါ်က ခုန်ဆင်းလိုက်တာ ငါဒလိမ့်ခေါက်ကွေး ကားလမ်းဘေးကျတော့ကျသွားပေမယ့် ပွန်ရုံလောက်ပဲဖြစ်သွားတယ်။ ဒါမဲ့ ပွန်ကျ ကားကိုဝင်တိုက်ပြီးဆိုင်ကယ်လဲတဲ့အရှိန်ကြောင့်ကော လက်နဲ့ခြေထောက်‌လန့်ပြီးထောက်လိုက်မိတယ်ထင်တယ် အဲ့တာ အဆစ်တွေလွဲသွားတယ်။"

The way he behaves🤍Where stories live. Discover now