"ဟေ့ကောင်dunk မင်းအားလား"
"ငါကမင်းလိုအားနေတဲ့ကောင်လို့များ ထင်နေလားမအားဘူးကွ"
"ဟေထူးထူးဆန်းဆန်းမအားဘူးဆိုပဲ ပြောစမ်းပါဦး ဘာအလုပ်တွေများလုပ်နေရလို့လဲ"
ကန်တင်း၌ထိုင်နေတုန်း လာမေးလာသည့် Aouအား dunkကခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် လေးလေးနက်နက်စကားတစ်ခွန်းဆိုသည်။ထိုစကားက
"အင်း အလုပ်လား မယ်မယ်ရရမရှိပါဘူး"
ထိုသို့ပြောသည့်နှင့်တပြိုင်နက် Aouရဲ့လက်ဝါးက ဒန့်ရဲ့နားရင်းကို ဖက်ခနဲမြည်အောင်ရောက်သွားတော့တယ်။
"ဒီ... လက်ပြတ်ကြီးနဲ့ ငါပြောတာမှားလား တစ်နေ့တစ်နေ့အားမနေဘူး အယ် အလုပ်ရှိလို့ အလုပ်ရှုပ်နေလားဆိုတော့လည်းရှုပ်မနေပြန်ဘူး။အေးပေါ့လေ ငါကခုလိုရှင်းပြနေတော့လည်း စာနာမှုမရှိတဲ့မင်းကနားလည်မှာကြလို့။ကဲဆက်ပါဦး လာရင်းကိစ္စ"
ပြောပုံကရိုက်ချင်စရာဆိုပေမယ့် စောနက နာရင်းအုပ်တဲ့အချိန် ဂျွန်ရဲ့အကြည့်စူးစူးကြောင့် Aouမှာ သေအောင်ထုရိုက်ချင်စိတ်ကိုမနည်းထိန်းလို့ မေးတာကိုဖြေဖို့လုပ်လိုက်တော့တယ်။
"ဒီညငါ့ရဲ့ boomလေးမွေးနေ့လေ clubမှာ မွေးနေ့လုပ်မှာ မင်းကိုလာဖိတ်တာ။ မင်းကမအားဘူးဆိုတော့လည်းနေပါစေတော့"
"အယ် အယ် ဒီလိုတော့လည်းဘယ်ဟုတ်မလဲ မင်းပိုးနေတဲ့မင်းရဲ့အနာဂတ်ရည်စားလောင်းမွေးနေ့မလား ငါကမလိုက်ရင် မျက်နှာပျက်စရာဖြစ်မှာပေါ့ ပြီးတော့ ဟောဒီကဒီသုံးကောင်ကိုကြည့်လိုက် အမြဲလိုလို စာနဲ့အဆောင် ငါ့မှာသူတို့ကို ကြည့်ပြီး ဘယ်နေ့ဂေါက်မလဲစိတ်ပူနေရတာ အင်းသူတို့စိတ်ကလေးတွေအပန်းဖြေဖို့ ငါကပဲ သူတို့ကိုဦးဆောင်ပြီးလာပေးပါ့မယ်။"
အောချလောက်ပါတယ် ဒန့်နက်တချိုင်းရယ် သူသွားချင်တာကိုများ ကျတော်တို့ကြောင့်သူမှာသွားရသလို ဒန့်ဆိုတာကတကယ်ကိုမှ drama king။
"Ok ကျေ့ကန်ဖုအန့်(see you, friend)"
Aouသွားပြီ ခဏအကြာ ကျတော့်အား မျက်နှာချိုသွေးသောလေသံနဲ့