"မနေ့က စနေနေ့ကြီးကွ အမှန်ဆိုကွာ ငါတို့ Saturday night marketကိုမှီမှာကွ"
"အမောင်ဒန့်ရယ် ပြောလိုက်ရင်တော့ မင်းကရွှေမန်းသိလား မနေ့က ပင်ပန်းလို့ လှုပ်တောင်မလှုပ်နိုင်ကြပဲ"
"အေးလေ ငါဘာပြောသလဲ ဒီကောင် ငါလေးစကားပြောနေရင် ဖြတ်ဖြတ်ပြောနေတယ်။ သဲ့ဝါ့ ထုခွန်(ဒါမဲ့ အားလုံးပဲ) ဒီနေ့ Sunday night market ရှိတယ်လေ။"
"ဟုတ်တယ် ဟေ့ရောင်တွေ တို့တစ်တွေ ဒီကနေ့ညမှာ လျှောက်လည်ကြမယ် ဝူး ဟူး..."
သူတို့အားလုံး volunteer လုပ်ပြီးသွားတော့ ဒီနေ့ကစလို့ ချင်းမိုင်နဲ့တခြားမြို့တွေကို ပြဲပြဲစင်အောင်လည်ပတ်ဖို့ အချိန်တွေများများရတယ်လေ။ ဒါကြောင့်လည်းနေ့ခင်းဘက်ကို အထင်ကရနေရာတွေသွားလည်ပြီး ညဘက်မှာလည်း ထပ်လျှောက်လည်ကြဖို့ တိုင်ပင်နေတဲ့ leader ကြီးနှစ်ယောက်ဖြစ်တဲ့အူနဲ့ဒန့်ရဲ့စကားကိုအားလုံးက ထောက်ခံကြတယ်။
Sunday night market ဖွင့်ချိန်က ညနေ5နာရီကနေ 10နာရီခွဲထိပဲဖြစ်ပြီး သူတို့တည်းတဲ့ hotelနဲ့ကျ နည်းနည်းလောက်သာ လှမ်းတယ်ပြောရတယ်။ ဒါကြောင့် အားလုံးက ညဈေးတန်းရှိတဲ့ Ratchadamnoen Roadကို သွားကြတယ်။
ဖူဝင်းအတွက်ကျ ထိုနေရာက တအားအထူးအဆန်းတော့မဖြစ်ပေ။ ဘာလို့ဆို အရင်က မယ်တို့နဲ့အတူ ရောက်ခဲ့ဖူးလို့၊ ဘာလို့သွားတာလဲဆို မယ့်ရဲ့ စီးပွားရေးအမြင်ကြီးကြောင့် အဲ့နေ့တွေမှာအပိုဝင်ငွေရအောင်ဈေးရောင်းဖို့ နေရာဘာညာလာကြည့်ခဲ့ဖူးတယ်။ တကယ်တမ်းရောင်းဖို့ကျ သူတို့လို တောင်ပေါ်မှာရှိတဲ့ရွာလေးကနေ ဒီဈေးထိလာဖို့ကျ လှမ်းသလို လမ်းလည်းသိပ်မကောင်းတာမို့ မေမေ့အတွက်မပြေတာနဲ့ မရောင်းဖြစ်တော့တာပေ။ ဒါမဲ့ ဂျမ်နဲ့သူနဲ့ကတော့ မယ့်နဲ့အတူလိုက်နေကြဖြစ်လို့ ဘယ်နေရာဘာရှိမှန်းသိတောင်နေပြီရယ်။
________"ကဲရောက်ပြီဆင်းတော့၊ငါတို့ခုရောက်တာ ၉တောင်ခွဲနေပြီ မတတ်နိုင်ဘူးလေ ၁၀ခွဲကျ ဒီနေရာမှာပြန်စုမယ်နော်"
ဒီလိုနဲ့သူတို့လူစုခွဲပြီးသွားကြတယ်။ ထုံစံအတိုင်းပွန်ကတော့ကျတော်နဲ့အတူလိုက်လာတယ်။