''မင်းသား ၇..........ဘုရင်မင်းမြတ်က အခေါ်ရှိပါတယ်''
''ဘာကိစ္စရှိပြန်ပြီလဲ.....''
''အရှင့်....သွားတော့မလို့လား....''
''အရှင်နော်.... ဒီကအရှင့်နဲ့ကြာကြာနေချင်သေးတာကို...''
''အရှင့်.....ကျမတို့ကိုအဖော်ပြုပေးပါဦး...''
ပလီပလာပြောတတ်သောပါးစပ်များမှ ချွဲပြစ်နေသော ရွံစရာစကားတို့အားကြိတ်မှိတ်နားထောင်နေရင်း
''မင်းသား၇......''
''နားငြီးတယ်.....ထွက်သွားစမ်း.....''
(ခွမ်း)
လက်ထဲက သေရည်ခွက်နဲ့ပစ်ပေါက်လိုက်ခြင်း။
ကြောက်ကြောက်ရွံရွံနဲ့အပြင်ကိုထွက်လာခဲ့တော့ နန်းတွင်းသူတွေ မိန်းမစိုးတွေက အနားကိုကပ်လာပြီး''မင်းသား၇ စိတ်မကြည်ပြန်ဘူးလား.....''
''သူကအချိန်ပြည့်စိတ်မကြည်နေတာပါ.......ဘုရင်ကခေါ်ခိုင်းလိုက်တာကို.....''
''ဘယ်လိုလုပ်ကြမလဲ.....''
''ထပ်သွားခေါ်လိုက်လေ....''
''ဘယ်သူသွားမှာလဲ.....''
ထိုမေးခွန်းအပြီးမှာတော့အကုန်လုံးအသံတိတ်သွားခဲ့ကြသည်။
နန်းတော်တစ်ခုလုံးလက်မြှောက်အရှုံးပေးရလောက်အောင် လက်လန်ပါတဲ့ မင်းသား၇။
မိန်းမပွေခြင်း၊ ကြမ်းတမ်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ ရက်စက်ခြင်း၊ သနားညှာတာမှုမရှိခြင်း၊ အလိုလိုက်ခံရခြင်း၊ အစရှိသောဂုဏ်သတင်းတို့နန်းတော်ပြင်ပထိ မွှေးပျံ့နေပါသောမင်းသား ၇။ အမည်နာမ လျိုကျိန်းဝေ။''အပြင်ကနေဘဲ လှမ်းပြောလိုက်ပါလား.....''
''အဲ့ခါကျ သူ့ကိုမလေးမစားလုပ်တယ်ဆိုပြီးအပြစ်ပေးမှာပေါ့.......''
''ဒါဆိုအထဲဝင်လေ......''
''ဝင်လို့မှမဖြစ်တာ......''
''ဒါဆို......ဝူခယ့်ရော.....ဝူခယ့်ကိုခေါ်........''
ဝူခယ့်ဆိုသည်မှာ မင်းသား၇၏ အနီးကပ်ဆုံး အစေခံဖြစ်သည်။ မင်းသား၇ အခုလိုဆိုးသွမ်းနေတာ သူ့လက်ချက်လည်းမကင်းပေ။
YOU ARE READING
The Secret Of Red Rose (Ongoing)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ