[ကျိုးတိုင်းပြည်] [စစ်သူကြီးအိမ်တော်]
အိမ်တော်ထဲတွင် ဖဲပိတ်စအားကိုင်ကာ မရှိသောဖုန်ကို သုတ်ရင်း ထိုင်နေရှာသောသူတစ်ယောက်ရှိလေသည်။ တခြားသူမဟုတ်။ စစ်သူကြီးရှစစ်ဝေပင်။
''စစ်သူကြီး......မိန်းကလေးယန်ဆီသွားမပေးဘူးလား.......''
စစ်သူကြီးရဲ့လက်ထောက်ဖြစ်တဲ့သူကမေးတော့ ဖဲပိတ်စအား အာငွေ့ပေးကာ သာမန်မျက်စိဖြင့်မမြင်နိုင်သော ဖုန်စက်ကလေးအား သုတ်လိုက်လေသည်။
''မိန်းကလေးယန်က ဝေတိုင်းပြည်က ဘုရားကျောင်းကိုခရီးထွက်သွားတယ်.......နောက် ၃ရက်နေမှပြန်လာမှာတဲ့.......''
''မိန်းကလေးယန်ရဲ့အိမ်ကိုသွားပို့ထားပေးလို့ရတာဘဲကို.......''
''အဟက်.....''
စစ်သူကြီးရှစစ်ဝေက ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး
''မိန်းကလေးယန်ရဲ့လက်ထဲကို တယုတယထည့်ပေးချင်တာမို့လေ......ဒါ့ကြောင့်.........မိန်းကလေးယန်ပြန်လာမှ.....သွားပေးမယ်.....''
စစ်သူကြီးရှစစ်ဝေက စားပွဲပေါ်သို့ ဗျပ်စောင်းအား အသာအယာ တင်လိုက်ပြီး နံဘေးရှိ ဓားရှည်အားဆွဲကိုင်လိုက်သည်။
''တပ်စခန်းတွေစီလေ့ကျင့်ဖို့သွားမယ်......''
''ခဏလေးပါ.......စစ်သူကြီး......ဘုရင်ကနန်းတော်ထဲကိုဆင့်ခေါ်ထားပါတယ်........''
နန်းတော်ကဆင့်ခေါ်သည်ဆိုရင် ကိစ္စနှစ်ခုသာဖြစ်နိုင်သည်။ စစ်တိုက်ရန်နှင့် ရာထူးလျော့ချခံရ ရန်သာ။
စစ်သူကြီးတစ်ယောက်အနေဖြင့် နောက်လိုက်များလေ ပြည်သူတွေကသဘောကျနှစ်သက်မှုများလေ အန္တရာယ်ရှိလေပင်ဖြစ်သည်။
''အင်း......ငါသွားလိုက်မယ်......''
_______________________
နန်းတွင်းထဲသို့ခြေချလိုက်သည်နှင့် စိတ်အစဥ်တို့လေးလံသွားရသည်။
တချို့သောအမတ်တို့က သူ့အား ဝါးစားမတတ်အကြည့်တို့နှင့်ကြည့်လျက်။ သို့ပေမယ့်သူမကြောက်ပါ။ သူက ကျိုးတိုင်းပြည်ရဲ့စစ်သူကြီး။
ဘယ်သူ့မျက်နှာကိုမှ ကြည့်မနေတော့ဘဲ ကျိုးတိုင်းပြည်၏ ရှင်ဘုရင်ကိုသာ ဒူးတစ်ဖက်ထောက်လျက်အရိုအသေပေးလိုက်သည်။
YOU ARE READING
The Secret Of Red Rose (Ongoing)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ