38(Unicode)

0 0 0
                                    

ပစ္စည်းများကို တည်းသည့်အ​ဆောင်လေးအတွင်းနေရာချပေးလျက်ရှိသည်။

သူတို့နှစ်ယောက်ကြားရှိလေထုကတော့အေးစက်လျက်၊ လေးလံထိုင်းမှိုင်းလျက်။

"အကိုရှ......ကျမတို့ကမ်းစပ်နားသွားဆော့ကြမယ်လေ.....''

"ခရီးပန်းလို့အနားယူချင်ပါတယ်.......''

သူ့အားလှည့်ပင်မကြည့်ကာပြန်ဖြေလာသောအဖြကြောင့်အတော်လေး စိတ်အဆင်မပြေဖြစ်သွားရသည်။ သို့သာ်လည်း သူကချသ်မိနေသူမဟုတ်လား။

"ကျမပြောတာက....သွားပြီး.....ပျော်ပါး......''

"မင်းသမီး.....ကျတော့်မှာပျော်ပါးနေဖို့အချိန်မရှိဘူး........ကျတော်လေ့ကျင့်နေလိုက်မယ်......မင်းသမီးသာ သွားပျော်ပါ.......''

သူ့ထက် အရေးပေးခံရသော ရှစစ်ဝေ၏လက်ထဲကဓားကိုပင်မနာလိုဖြစ်လာသည်။ သူချစ်ရတဲ့သူက သူ့ကို စိမ်းကားလျက်။

"ဒီရောက်တုန်းတော့လေ့ကျင့်တာကိုခဏရပ်နားထားလို့ရပါတယ်အကိုရှ.......ကျမတို့.....''

စကားပြောရင်းလက်ကိုကိုင်ဖို့ကြိုးစားတော့ တွန်းထုတ်ခံလိုက်ရသည်။ စကားပင်ဆက်မပြောနိုင်​တော့။

"ကျတော့်ကိုမထိပါနဲ့မင်းသမီး........ကျတော်နဲ့မထိုက်တန်ပါဘူး......''

အကိုရှ က သူ့အနားရောက်လာကတည်းက ဒီလိုပုံပင်။ အနုနည်းလည်းမရ အကြမ်းနည်းသုံးလည်းမရ။

"ထိုက်တန်တာပေါ့........ကျမရဲ့ခင်ပွန်းလောင်းနဲ့မှမထိုက်တန်ရင်.....ဘယ်သူနဲ့ထိုက်တန်ရမှာလဲ.........''

"မင်းသမီးပြောသလို....ခင်ပွန်းလောင်းဘဲရှိပါသေးတယ်.......ဘာ့ကြောင့်.......ကျတော်တို့နီးနီးကပ်ကပ်နေနေမလဲ......''

ဒီစကားတွေကသူ့ကိုရှောင်ဖို့အတွက်သာပြောမှန်းသူသိပါသည်။ ရှစစ်ဝေကိုပြေးဖက်လိုက်တော့ ရှစစ်ဝေက အကြောက်အကန် တွန်းဖယ်ပါသည်။ သူမကမလွှတ်တန်းဖက်ထားရင်း

"အကိုရှ.....ရှင့်မိန်းကလေးကိုမေ့ပြီး.....ကျမနဲ့ဘဲရှေ့ဆက်လို့မရဘူးလား........ရှင်က ဘုရင့်သမက်တော်ဖြစ်လာမှာ.....သာမညစစ်သူကြီးတစ်ယောက်မဟုတ်တော့ဘူး......ဘုရင့်သမက်တော်......ဘယ်နေရာသွားသွား....ဂုဏ်နဲ့အဆင့်အတန်းနဲ့ဖြစ်သွားတော့မှာ.........ရှင့်လက်ထဲမှာ....ကျမရော.....အာဏာရော....ရှိလာတော့မှာ.......''

You've reached the end of published parts.

⏰ Last updated: 11 hours ago ⏰

Add this story to your Library to get notified about new parts!

The Secret Of Red Rose (Ongoing)Where stories live. Discover now