36(Unicode)

12 0 0
                                    

"မင်းသားငယ်.......''

"မင်းငါ့ကို အရှင်လို့တောင်မခေါ်တော့ဘူးဘဲ.....''

"မင်းသားငယ်လို့ပြန်ခေါ်ပါရစေ......''

"ငါ့ကိုနိုင်ရင်ပေါ့......''

ညဘက်ကြီး လေတွေအေးနေတဲ့အချိန် သင်္ဘောကုန်းပတ်ပေါ်မှ ခပ်ကျယ်ကျယ် အသံတွေကိုကြားနေရလေသည်။

"ဒီကောင်တွေဒီအချိန်ထိ......''-ကျန်းခဲ့ရှင်း

"ထားလိုက်ပါ........ကိုယ်အဆင်ပြေပါတယ်.....''

ဦးရီးတော်တစ်ယောက်ဖြစ်တဲ့သူက သူ့လက်ထဲမှာထိန်းချုပ်မရနိုင်သေးတဲ့ လူတစ်ယောက်ရဲ့ခြိမ်းခြောက်တာကိုခံရပြီးတုန်လှုပ်နေခဲ့တယ်။ အခု ထိန်းချုပ်ဖို့ဆန္ဒမရှိတော့ဘူး။ ဒီမှာတောင်မနေချင်တော့။

"ကိုကို........ကိုကိုကအခုမှ သတိပြန်ရလာတာလေ.....နားဖို့လိုသေးတယ်......သူတို့တွေဆူညံနေတာနဲ့.....''-ကျန်းခဲ့ရှင်း

သင်္ဘောကုန်းပတ်ပေါ်မှ ဓားအချင်းချင်း ထိခတ်သံ တရွှမ်ရွှမ်က နားမစွင့်လည်းကြားနေရသည်။

သူစိတ်လိုလက်ရပြုံးလိုက်ပြီး

"ကျိန်းဝေလေ့ကျင့်နေတာ....လေ့ကျင့်ပါစေ........ကိုယ်လည်း....လန်းလန်းဆန်းဆန်းဖြစ်သွားအောင်......အပြင်ထွက်နေချင်တယ်.......''

"ကိုကို.........''-ကျန်းခဲ့ရှင်း

ကျန်းခဲ့ရှင်းက သူ့ကို မသွားစေချင်ပုံနဲ့ကြည့်လာလေသည်။

"ရှောင်ကျူလေး....အနားယူတော့......ကိုယ်ခဏ​လောက်ပါဘဲ........''

သူ့စကားကို ကျန်းခဲ့ရှင်းကအလေးထားပုံပင်။ကျန်းခဲ့ရှင်းက ထလိုက်၍ ဝတ်ရုံကိုချွတ်ကာ ထိုင်လိုက်သောသူ့အပေါ် ဝတ်ရုံခြုံပေးလေသည်။

"အပြင်မှာက ပင်လယ်ပြင်ဘဲရှိတာဆိုတော့ လေအေးတိုက်တယ်.......ကိုကို.....ဂရုစိုက်ပါ......ကျတော်အနားယူပါတော့မယ်......''

"အင်း.......''

ကျန်းခဲ့ရှင်းက သူ့အခန်းမှထွက်သွားလေသည်။ သူလည်း ဘေးပတ်ဝန်းကျင်ကို အားယူလျက် ထလိုက်သည်။ လျိုကျိန်းဝေရဲ့လက်ဆောင်ကိုတော့ သူသေချာပေါက်လက်ထဲတွင်ကိုင်ထားလိုက်သည်။ သို့သော် ခေါင်းက အနည်းငယ်မိုက်ခနဲပင်ဖြစ်သွားသေးသည်။

The Secret Of Red Rose (Ongoing)Where stories live. Discover now