Uni
💜မြတ်နိုးခွင့်💜
💜အပိုင်း ၁💜
"ဦးဇိုင်း ကြိုးကို လွှတ်ပါ"
ဒေါသမုန်းတိုင်း အကြီးအကျယ် ဖြစ်ကာ နှောင်ကြိုးအား ကားပေါ်မှ အကြမ်းပတမ်း ဆွဲခေါ်လာသူက ဇိုင်းကမ္ဘာဆိုသော လူချောလူသန့်ကြီးဖြစ်သည်။
"အား ဦးဇိုင်း ၊ ကြိုး နာတယ်၊ လွှတ်နော် "
ငယ်သံပါအောင် အော်နေသော တွယ်နှောင်ကြိုး အော်သံလေးက ဇိုင်း ဒေါသတွေကို မရပ်တန့်နိုင်ခဲ့ပေ။
ဇိုင်းတစ်ယောက် သူ အကြမ်းပတမ်း ဆွဲခေါ်လာရာမှ ကြိုးကို ဆိုဖာပေါ် တွန်းချလိုက်ပြီး
"တွယ်နှောင်ကြိုး မင်း အပြစ်မင်းသိတယ်နော်"
ခါးမှ ဘောင်းဘီခါးပတ်ကို ဆွဲဖြုတ်ကာ မေးလိုက်သော သူကြောင့် ကြိုး ခန္ဓာကိုယ်လေး တဆတ်ဆတ်တုန်ယင်လာကာ
"ကြိုး တောင်းပန်ပါတယ် ဦးဇိုင်း၊ ကြိုးကို မရိုက်ပါနဲ့နော် ဟီး ဟီး"
ကြိုး ကြောက်လွန်း၍ အသားတွေတဆတ်ဆတ်တုန်ကာ ကြောက်ဒူးလေးပင်တုန်၍ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ ငိုနေမိလေသည်။
ဇိုင်း ခါးပတ်ကို ဆွဲဆန့်လိုက်ပြီး
"အခုမှ ဘာမှမတောင်းပန်းနဲ့ ၊ အပြစ်လုပ်တုန်းက လုပ်တတ်ပြီး"
"ရွှမ်း"
"အား"
"ရွှမ်း"
"အား"
နှောင်ကြိုး ကျောလေးပင် ကော့တက်သွားရလေသည်။ ဇိုင်း ရိုက်သမျှ အသံထွက် မငိုရဲဘဲ အံ့ကြိတ်ခံနေသူက တွယ်နှောင်ကြိုးဖြစ်သည်။
"မင်း ငါ့မသိဘဲ ခိုးထွက်ဦးမလား"
"~~~~"
"ရွှမ်း"
"အား"
"ပြောလေ တွယ်နှောင်ကြိုး"
ကြိုး မျက်ရည်တွေ တသွင်သွင်စီးကျပြီး
"ကြိုး ကြိုးကြောက်ပါပြီ ဦးဇိုင်း၊ ကြိုး ကြိုး နောက် ဦးဇိုင်း မသိဘဲ အပြင်မထွက်တော့ပါဘူး ဟီး ဟီး"

YOU ARE READING
မြတ်နိုးခွင့်
Romanceချစ်ရသူသေဆုံးမှုကြောင့် ချစ်ရသူအား သေဆုံးစေခဲ့သည့် ချစ်ရသူရဲ့ တူမကို လက်ထပ်ယူပြီး လက်စားချေခဲ့သော ဇိုင်းကမ္ဘာ