6 U/Z

1.8K 46 6
                                    

Uni

"မြတ်နိုးခွင့်"

"အပိုင်း ၆"

မောင်က သူမ ဘယ်လိုအခြေအနေမှာ ရှိရှိလက်ခံမည်တဲ့လား။ နှင်းဆီ အတိုင်းမသိပျော်မိပါသည်။ ဒါ ဒါဆို နှင်းဆီကို မောင်ချစ်နေသေးတယ်ပေါ့။
ကိုယ့်အတွေးနှင့် ကိုယ့် နှင်းဆီပြုံးနေမိလေသည်။

"နှင်းဆီ မောင့် အနားကို မောင့်ရဲ့ နှင်းဆီအဖြစ် မကြာခင် ပြန်လာပါမယ် မောင်ရယ်၊လွမ်းတယ်မောင် အရင်အချိန်တွေကို ၊ မြတ်နိုးခဲ့ရတဲ့ မောင့် အနားကနေ နှင်းဆီ ဒီတစ်ခါ ထွက်မသွားတော့ပါဘူး မောင်ရယ်"

မောင့် နှင့် အဝေးဆုံးကို ရောက်မှ မောင့်ရဲ့ အချစ်တွေကို သူမ နားလည်ခဲ့လေသည်။ ဦးခိုင်မြဲ နှင့် လက်ထပ်ပြီးမှ သိခဲ့သည့်က အချစ်မပါသည့် အိမ်ထောင်ရေးက ဘယ်တော့မှ မသာယာခဲ့ဘူး ဆိုတာကိုပါပဲ။ သူမ မောင်နှင့် လက်ထပ်မည်။ ပြီးလျှင် သူမရဲ့သားလေး အတွက် မောင့်ကို ဖခင်နေရာ အစားထိုးရမည်။

"သားရယ် မာမီ လွမ်းလှပါပြီ"

၅လအရွယ်နှင့် ကျန်ခဲ့သော သားလေးက အဆင်မှပြေပါမလား စိတ်ပူရသည့်ကလည်း နေ့စဥ် ဖြစ်သည်။ သားအကြောင်းတွေးမိသည့်အခါ အဝေးကို ငေးကြည့်နေသည့် သူမ မျက်ဝန်းတို့သည် ရီဝေနေခဲ့သည်။
                                   💜💜💜

"ထိုင်လေ ဝတ်ရည်၊ ဒါက ကိုယ့်အိမ်"

နှင်းဆီ ထည်ဝါလှသော ဧည့်ခန်းအပြင်အဆင်ကို ငေးကြည့်ရင်း

"အိမ်ကို ထမင်းဖိတ်ကျွေးတဲ့ အတွက် ကျေးဇူးတင်တယ်နော် ကိုဇိုင်း"

နှင်းဆီ စကားကြောင့် ဇိုင်းပြုံးလိုက်ပြီး

"ကိုယ်တို့က မိတ်ဆွေတွေပဲလေ"

"ဦးဇိုင်း ပြန်လာပြီလား  ဟင်"

ဧည့်ခန်းတွင် ဦးဇိုင်းနှင့် အတူ ရယ်မောစွာ စကားပြောနေသော အမျိုးသမီးကြောင့် ကြိုး မျက်ဝန်းလေးတွေ မယုံနိုင်အောင် ပြူးကျယ်သွားရလေသည်။

"ဟင် တွယ်နှောင်ကြိုး"

နှင်းဆီ မထင်မှတ်ဘဲ နှောင်ကြိုးကို မောင့်အိမ်မှာ တွေ့လိုက်ရသဖြင့် အံ့သြသွားရလေသည်။

မြတ်နိုးခွင့်Where stories live. Discover now