Uni
💜မြတ်နိုးခွင့်💜
💜အပိုင်း ၇💜
ဆေးရုံဝန်းထဲ အမောတဇော ပြေးဝင်လာသူက ဇိုင်းကမ္ဘာဖြစ်သည်။ ဒေါ်မြ ဖုန်းဆက်ပြော၍ သိခဲ့ရသော အကြောင်းအရာက ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလို အရှိန်ပြင်းပြင်းရိုက်ခက်သွားလေသည်။
"ဆရာမ ဒီဆေးရုံမှာ တက်နေတဲ့ တွယ်နှောင်ကြိုး ဆိုတဲ့ လူနာ ဘယ်အခန်းမှာလဲဗျ"
ဆေးကောင်တာရှိ သူနာပြု ဆရာမလေးကို စိုးရိမ်တကြီးမေးလာသော ဇိုင်းကမ္ဘာဖြစ်သည်။ သူနာပြုဆရာမလေးက သူ့ကို တစ်ချက်ကြည့်ကာ လူနာစရင်းကို ပြန်စစ်ပေးရင်း
"ကိုယ်ဝန်ပျက်ကျသွားတဲ့ တစ်ယောက်၊ ဟုတ်တယ်မဟုတ်လား၊ အခန်း 105 မှာပါရှင့်"
"ဗျာ"
သူနာပြု ဆရာမလေးရဲ့ စကားက သူ့ရင်ထဲကို အရှိန်ပြင်းစွာ မုန်တိုင်းကြမ်းဝင်ရောက်တိုက်ခက်လိုက်သလိုပင် နာကျင်လွန်းလှသည်။ သူ ခြေလှမ်းတို့သည် မပြေးရုံတမယ် ကြိုးရှိရာ အခန်းသို့ ရောက်လာခဲ့လေသည်။
"ဒေါ်မြ"
အခန်းရှေ့မှ ခုံတန်းလေးတွင် နွမ်းဖျော့စွာ ထိုင်နေသော ဒေါ်မြကို ဇိုင်းခေါ်လိုက်မိခြင်း ဖြစ်သည်။
"ဟင် သခင်လေး"
ဒေါ်မြ သခင်လေးကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ခေါ်မိသော်လည်း ထိုဝမ်းသာမှုက ခဏသာ ဖြစ်သည်။
"သမီးလေး"
"ကျွန်တော် သိပြီးပြီ"
ခုံးတန်းပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး မျက်နှာကို လက်ဖဝါးဖြင့် ခပ်ကြမ်းကြမ်းပွတ်လိုက်မိသည်။
"ကျွန်တော်အမှားတွေ၊ ကျွန်တော် အပြစ်တွေပါ၊ ကျွန်တော်က တကယ်မကောင်းတဲ့ကောင်ပါ"
ရင်သွေးဆိုတာ သိရပြီးမှ အမှန်တကယ် ဆုံးရှုံးသွားရလေပြီ။ ကိုယ့်အပြစ်နှင့် ကိုယ့်မို့ ကြိုးကို ရင်ဆိုင်ရန် သတ္တိတွေ အတော်မွေးရဦးမည်ဖြစ်သည်။ အခုချိန်မှာ ကြိုး ထုရိုက်လည်း ခံ။ ကြိုး ဆဲဆိုလည်း ခံယူရန်အသင့်ဖြစ်နေခဲ့လေသည်။
~~~~~~~~~~~~~~~~~
YOU ARE READING
မြတ်နိုးခွင့်
Romanceချစ်ရသူသေဆုံးမှုကြောင့် ချစ်ရသူအား သေဆုံးစေခဲ့သည့် ချစ်ရသူရဲ့ တူမကို လက်ထပ်ယူပြီး လက်စားချေခဲ့သော ဇိုင်းကမ္ဘာ