12 U/Z

670 29 1
                                    

Uni

"မြတ်နိုးခွင့်"

"အပိုင်း ၁၂"

ကားဝန်းကနေ အိမ်ရောက်သည့် အထိ နှစ်ယောက်သား ဘာစကားမျှ မပြောမိကြပေ။

"ဆင်းလေ မဆင်းဘဲ ဘာလုပ်နေတာလဲ"

နှစ်တွေကြာသွားသည့်တိုင်  ဘာတစ်ခုမှ ပြောင်းလဲခြင်း မရှိသော မဟာစံအိမ် ကတော့ ဟိုအရင်တိုင်း တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ကြိုး စံအိမ်ပတ်ချာလည်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး

"ဒီနေရာက ကျွန်မ နေရာအစစ်အမှန်မှ မဟုတ်တာ၊ ကျွန်မ အဆောင်ပဲ ပြန်ပို့ပေး"

အပိုစကားမဆိုဘဲ လိုရင်းသာ ပြောပြီး မျက်နှာလွှဲသွားသော ချာတိတ်မလေးကြောင့် ဇိုင်း မယားသည့် နံထင်ကို ပွတ်သပ်လိုက်ပြီး

"မပို့နိုင်ဘူး ဆိုရင်ရော"

"ရတယ်လေ ၊ ကျွန်မ ဖာသာ တက္ကဆီနဲ့ ပြန်မယ်"

"ဟာ ဟိတ်"

ပြောလည်းပြော အပြင်ပြန်ထွက်ရန် ခြေလှမ်းတွေ ပြင်နေသော ချာတိတ်မရဲ့ လက်ကောက်ဝတ်ကို အချိန်မီ လှမ်းဆွဲလိုက်ရလေသည်။

"ဘာလုပ်တာလဲ ဖယ်၊ လွှတ်စမ်း"

စူးရဲတောက်ပသော ဒေါသမျက်ဝန်းတောက်တောက်လေးများဖြင့် ဆိုလာသော သူမကြောင့် သက်မနွေးနွေးကို ခိုးရှိုက်ရင်း

"ဟို ဟိုလေကွာ၊ မင်းကလည်း စိတ်ကြီးပဲကွာ၊ ကြီးမြက မင်းပြန်လာတယ် ဆိုလို့ မင်းကြိုက်တတ်တဲ့  ဟင်းတွေချက်ပြီး မင်းကို စောင့်နေတာကို မင်းကတစ်စိမ်းဆန်သွားမလို့လား"

"ကြီးမြ"

ကြီးမြ အမည်ကြားသည့်နှင့် သူမ မျက်ဝန်းလေးတွေမှာ ဝမ်းနည်းမှုတွေ စွန်းထင်းသွားသည့်ကို သူ့ ကောင်းကောင်းတွေ့လိုက်ရလေသည်။ ဒီအိမ်မှာ ရှိခဲ့သည့် တစ်လျှောက် သူမ အဘယ်မျှ နာကျင်ခဲ့မည်လဲ။ သူ့ ခံစားတတ်ခဲ့ပါပြီ။ သူ့ပေးခဲ့သည့် ဥပေက္ခာတိုင်းကို ရင်ဝယ်ပိုက်ပြီး နာကျင်ခြင်းတွေဖြင့် အိပ်စက်ခဲ့ရသည့် သူမရဲ့ မျက်ရည်နှင့် အတူ ဖြတ်သန်းခဲ့သည့် ညတွေ အတွက် ပျော်ရွှင်ခြင်းတွေဖြင့် အလျှော်ပြန်ပေးချင်သော်လည်း အရာရာအားလုံးက နောက်ကျသွားခဲ့လေပြီ။ အချိန်တွေသာ နောက်ပြန်လှည့်၍ ရမည်ဆို သူမ ကို ပျော်ရွှင်အောင် ထားခဲ့မိမှာ အမှန်ဖြစ်သည်။
                              💜💜💜

မြတ်နိုးခွင့်Where stories live. Discover now