Uni
"မြတ်နိုးခွင့်"
"အပိုင်း ၁၄"
ကြိုးပြောလိုက်သည့် စကားလုံးတိုင်းက သူ့ရင်ကို ထိရှလွန်းလေသည်။ အိပ်ရာပေါ် ကျောခိုင်းလှဲချသွားသော တစ်ချိန်က ဇနီးငယ်ကို သက်မနွေးနွေးရှိုက်၍သာ သူ့ ပြန်ကြည့်လိုက်မိလေသည်။ ဘယ်သူမပြု မိမိမှုမို့ သူ စောဒဂတော့ မတက်နေချင်တော့ပေ။ ထိုနေ့ ထိုနေ့က သူမ လေး ငှါးနေသော အဆောင်ရှိရာ သူ့ အပြေးသွားမိလေသည်။ သူမကို မတွေ့ရလေဘဲ သီသီဆိုသော ကောင်မလေးနှင့်သာ တွေ့ရ၍ အကျိုးအကြောင်းမေးကြည့်သည့်အခါ မန္တလေးပြန်သွားပြီဟူသော စကားကြောင့် ကားဂိတ်သို့ အပြေးလိုက်ခဲ့မိလေသည်။
ရန်ကုန်မြို့ပြအလွန် အဝေးပြေးလမ်းပေါ်မှာ သူမ လိုက်ပါသွားသော ကားကို တွေ့ရလေတော့ မိုက်ကန်းစွာပင် ထိုကားအရှေ့တွင် သူ့ ကား ထိုးခံလိုက်ခြင်းဖြစ်သည်။ တိုက်ရင်လည်း တိုက်ပါစေတော့ ဟူသောအတွေးဖြင့် မိုက်မိုက်ကန်းကန်း သူ့ ကားလေး ပိတ်ရပ်လိုက်သော်လည်း ကံကောင်းထောက်မစွာပင် တစ်ဖက်ကားက ဘရိတ်အုပ်မြန်လေသဖြင့် သူ့ အသက်ရှင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ သူ့ ကြောက်မိသည်။ ဒီတစ်ကြိမ်သာ သူ အနားက သူမ ပျောက်သွားခဲ့လေလျှင်ဆိုသော အတွေးက သူကို ခြောက်လန့်နေခဲ့သည်။ မတွေးချင်သော အကြောင်းအရာတစ်ခုဆိုသော်လည်း အမှတ်မရှိစွာ ထိတ်လန့်ကြောက်ရွံ့နေမိပြန်သည်။ ဒါကို အချစ်ဟု ခေါင်းစဥ် မတပ်ချင်သေးသော်လည်း သူမလေး သူနှင့် အဝေးကို ပြေးထွက်သွားမည့်ကိုတော့ သူ လုံးဝမလိုလားခဲ့ပေ။
"ထွက်မပြေးပါနဲ့ ဒီတစ်ခါသာ မင်းထွက်ပြေးခဲ့ရင်"
သူကို နောက်ကျောပေးအိပ်နေသော သူမ ကျောပြင်လေးကို ငေးကြည့်ရင်း သက်ပြင်းမောကိုသာ အကြိမ်ကြိမ်ရှိုက်နေမိသည်။ အရင်က အချိန်တွေသာ နောက်ပြန်လှည့်လို့ ရလျှင် အရင်အချိန်တွေဆီ သူ ပြန်သွားချင်မိပါသေးသည်။
💜💜💜"သားသားက မေမေကို လွမ်းနေတာ"
"ကိုကို တစ်ယောက်တည်း ဟုတ်ပါဘူး၊ မီးမီးလဲ မေမေကို လွမ်းတာပါပဲနော် ကိုကို"
![](https://img.wattpad.com/cover/373316367-288-k852621.jpg)
YOU ARE READING
မြတ်နိုးခွင့်
Romanceချစ်ရသူသေဆုံးမှုကြောင့် ချစ်ရသူအား သေဆုံးစေခဲ့သည့် ချစ်ရသူရဲ့ တူမကို လက်ထပ်ယူပြီး လက်စားချေခဲ့သော ဇိုင်းကမ္ဘာ