uni
"မြတ်နိုးခွင့်"
"အပိုင်း ၁၀"
ကားရပ်လိုက်သည့်နှင့် သူမရဲ့ မုန်းတီးနာကြည်းသော မျက်ဝန်းတစ်စုံက သူ့ထံရောက်လာခဲ့လေသည်။ ကားတံခါးတွန်းဖွင့်ရန် လက်လှမ်းနေသော သူမ လက်တစ်စုံကို သူ ဖမ်းဆွဲလိုက်ပြီး
"ဘာဖြစ်နေတာလဲ ကြိုး ၊ ကိုယ့် မင်းနဲ့ စကားပြောချင်လို့ ဒီအထိခေါ်လာတာ"
စူးစူးရဲရဲ ကြိုးရဲ့ မျက်ဝန်း အကြည့်တွေ သူ့ထံရောက်လာကာ
"ဘာစကားမှ ပြောစရာမလိုဘူး ဦးဇိုင်းကမ္ဘာ၊ ရှင်နဲ့ ကျွန်မရဲ့ ပတ်သတ်မှုက အဆုံးသတ်သွားတာကြာပြီ"
"ဒါက မင်းဘက်က တစ်ဖက်သတ် ဆုံးဖြတ်ချက်ပါ ၊ ကိုယ့်ဘက်ကတော့ မင်းကို လုံးဝကြီး လက်လွှတ်ခဲ့တာမှမဟုတ်တာ"
သူ့စကားကြောင့် သိမ်းဆည်းထားသည့် မာန တစ်ချို့က ပွင့်အံထွက်လာကာ ဒေါသမျက်ဝန်းစူးစူးလေးတွေ သူထံရောက်လာခဲ့သည်။
"ဘာလို့လဲ ဘာကြောင့်လဲ၊ ရှင့် ကျွန်မကို ဘာလို့ လက်မလွှတ်ပေးနိုင်ရတာလဲ၊ ဘာလဲ ရှင် နှိပ်စက်လို့ မဝသေးလို့လား ဦးဇိုင်းကမ္ဘာ"
သူမ စကားက သူ့ အရှိုက်ကိုထိသွားသည့်နှယ် သူမကို ရီဝေစွာငေးကြည့်ရင်း
"ကိုယ့်အနေနဲ့ မင်းကို တောင်းပန်ပါတယ် ဆိုပြီး တောင်းပန်ဖို့တောင် မရဲပါဘူး ကြိုး၊ မင်း အပေါ်လုပ်ခဲ့တဲ့ အမှားတွေက တောင်းပန်ရုံနဲ့ မပြီးဘူး ဆိုတာ သိပါတယ် ၊ ဒါပေမဲ့ ဒါပေမဲ့ပေါ့ကွာ၊ မင်းကျေနပ်တဲ့ အနေအထားအထိ ကိုယ့်"
"ဟင်းအင်း မတောင်းပန်နဲ့ ဦးဇိုင်းကမ္ဘာ၊ ရှင်တောင်းပန်တိုင်း ကျေနပ်ကျေအေးပေးရအောင် ကျွန်မ ရခဲ့တဲ့ ဒဏ်ရာတွေက သေးသေးလေးမှ မဟုတ်တာ၊ ရှင့်အခုမှ ကျွန်မကို တောင်းပန်နေလဲ အပိုပဲ၊ ကျွန်မဆိုတဲ့ မိန်းမက ရှင့် နဲ့ အိပ်ပြီးတာတောင် ရှင့် ရဲ့ တရားဝင်မိန်းမမှ မဟုတ်တာ၊ ရှင့်အတွက် ပျော်တော်ဆက်သက်သက်ပဲလေ၊ ရှင့်အတွက် တန်ဖိုးမှ မရှိတာ ကျွန်မကို ချည်နှောင်ဖို့ မကြိုးစားပါနဲ့၊ ကျွန်မ ဘဝနဲ့ ကျွန်မ အေးအေးချမ်းချမ်းနေပါရစေ"
YOU ARE READING
မြတ်နိုးခွင့်
Romanceချစ်ရသူသေဆုံးမှုကြောင့် ချစ်ရသူအား သေဆုံးစေခဲ့သည့် ချစ်ရသူရဲ့ တူမကို လက်ထပ်ယူပြီး လက်စားချေခဲ့သော ဇိုင်းကမ္ဘာ