Uni
💜မြတ်နိုးခွင့်💜
💜အပိုင်း ၅💜
"မင်း ဘယ်က အလေလိုက်ပြီး ပြန်လာတာလဲ"
"ဟို ဟိုလေ"
သူမ အိမ်ထဲဝင်လာစဥ် သူမကို ခါးထောက်ကာ ကြည့်နေသော ဦးဇိုင်း။ မျက်နှာက မှုန်သုန်နေပြီး မျက်မှောင်ချီထားသော သူ့ကို ကြည့်ကာ သူမ ကြောက်ဒူးလေးပင် တုန်နေရလေသည်။
"မင်းကို မေးတာပဲဖြေ"
"ဟိုလေ ကြိုး ဝက်သားဒုတ်ထိုး စားချင်လို့ လမ်းထိပ်ထွက်ဝယ်တာပါ"
ကြောက်ကြောက်လန့်လန့်ဖြင့် ကြိုး သူ့ မျက်နှာကို မကြည့်ရဲဘဲ ခေါင်းငုံ့ကာ ပြန်ဖြေလိုက်မိသည်။
"ဘာ ပေးစမ်း အဲ့ဒီအထုတ်"
ရုတ်တရတ် သူမ လက်ထဲမှ လုယူခံလိုက်ရသော ဒုတ်ထိုးဗူးလေး။
"ဦး ပြန်ပေးပါ"
သူမ လက်ထဲမှ ဆွဲလုခံလိုက်ရသော ဒုတ်ထိုး ဗူးလေးကို ကြိုး မရမက လိုက်လုသော်လည်း သူကတော့ ပြန်မပေးပေ။
"ဟာ သွားပါပြီ"
ပြတင်းတံခါးမှ တစ်ဆင့် အပြင်ဘက်ကို ပစ်ထုတ်လိုက်သဖြင့် ကြိုး ဝမ်းနည်းစိတ်ကို တားဆီးမရအောင် ငို မိလိုက်လေသည်။
"ရှင်ကြီး အရမ်းရက်စက်တယ်၊ သူများ စားချင်လို့ ဝယ်လာတာကို လူညစ်ပတ်ကြီး လွှင့်ပစ်တယ်"
"ကျစ် တော်စမ်း တွယ်နှောင်ကြိုး၊ ကလေးလိုလို ပွေးလိုလို လုပ်မနေနဲ့"
ဒေါသသံပါနေသော သူစကားကြောင့် ကြိုး မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး
"အေးပေါ့၊ ကြိုးက ဦး
စေလိုရာစေလိုရာ စေလို့ရတဲ့ အရုပ်ပဲ""တော်စမ်း၊ မင်းကိုယ့်မင်း အပြစ်မဲ့တဲ့ ကလေးပုံစံလုပ်မနေနဲ့ ၊ မင်းကို သနားမဲ့ ကောင်တွေထဲမှာ ဇိုင်းကမ္ဘာဆိုတဲ့ ကောင်မပါဘူး၊ ပြောစမ်း အခုန မင်းနဲ့ပြန်လာတဲ့ ကောင် ဘယ်သူလဲ"
ကြိုး အနည်းငယ်တွေဝေသွားပြီးမှ နှုတ်ခမ်းတစ်စုံကို မဲ့လိုက်ပြီး ဖြေလိုက်သည့်က

YOU ARE READING
မြတ်နိုးခွင့်
Romanceချစ်ရသူသေဆုံးမှုကြောင့် ချစ်ရသူအား သေဆုံးစေခဲ့သည့် ချစ်ရသူရဲ့ တူမကို လက်ထပ်ယူပြီး လက်စားချေခဲ့သော ဇိုင်းကမ္ဘာ