8 U/Z

1.3K 39 2
                                    

Uni

"မြတ်နိုးခွင့်"

"အပိုင်း ၈"

"သားသား  နဲ့ မီးမီးမပြေးနဲ့လေ"

ဘုရားရင်ပြင်ပေါ် ပြေးလွှားဆော့ကစားနေသည့် နှောင်ကြိုးတစ်မျှင် နှင့် မိုးသောက်ဇိုင်းကို ကြည့်ပြီး ကြိုး ပြောမိလေသည်။ ကြမ်းပြင်က ချောနေသဖြင့် ကလေးတွေ ချော်လဲမှာစိုးသောကြောင့်ဖြစ်သည်။

"မေမေကလည်း မီးမီးတို့က အရမ်းဆော့တာ ဟုတ်ပါဘူး"

ဘုရားတန်ဆောင်းမှာ ကျုံ့ကျုံ့လေးထိုင်နေသော  သူမ အနားကို ကလေးနှစ်ယောက်  ပြေးလာပြီး တစ်ယောက်တစ်ဖက်ဆီ ဝင်ထိုင်ရင်းပြောလာရာ ကြိုး သားနှင့် သမီးကို အပြုံးနှင့် ကြည့်ပြီး

"မေမေက စိတ်ပူလို့ ပြောတာပါရှင့်"

"သားကလည်း မေမေကို ချစ်တယ်"

"မီးမီးလည်း မေမေကို ချစ်တယ်"

သား နှင့် သမီးရဲ့ အပြုံးတွေက သူမအတွက်တော့ ချိုမြိန်လှသော အပြုံးလေးများဖြစ်သည်။ နာကျင်စရာတွေ များခဲ့သည့် အတိတ်တွေမှာ  သားနှင့် သမီးသာ ရှိမနေခဲ့လေလျှင် သူမလည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။

အတိတ်တွေကို ခါးသီးမှု​နှင့် အတူ ဘယ်သောအခါမှ ပြန်မတွေးမိချင်တော့ပါလေ။
                                 💜💜💜

"သမီး တစ်ယောက်ထဲ အဆင်ပြေပါမလား"

ကြိုး မေမေ အမေးကြောင့် ယဲ့ယဲ့လေး ပြုံးပြရင်း

"ပြေအောင်တော့ ကြိုးစားရမှာပါပဲ မေမေရယ်၊ တစ်ခုပဲ တစ်ခုပဲ၊ အဲ့တစ်ခုက သားနဲ့ သမီး မရှိတဲ့ အတွက် အဆင်ပြေနိုင်အောင် အတော်ကြိုးစားရမယ်"

မေမေက သူမကို နားလည် သဘောပေါက်သည့်ပုံဖြင့် ခေါင်းညိတ်ပြပြီး

"နောက်တော့ သမီးနေသား ကျသွားမှာပါ"

"ဟုတ်ကဲ့ မေမေ"

ကြိုး ဒုတိယအကြိမ် ရန်ကုန်မြေကို ခြေချရဦးမည်။ ခါးသီးလှသော အတိတ်တွေက ကြိုး အတွက် နာကျင်ခါးသက်လွန်းလှလေသည်။

သူ ။ သူရော အဆင်ပြေနေရဲ့လား။ မတွေးချင်သော်လည်း တစ်ခါတစ်လေ အတွေးထဲရောက်လာသည့် သူ့ အကြောင်းတွေက  သူ့ကို မုန်းပစ်ဖို့ တွန်းအားပေးနေသလိုဖြစ်ခဲ့လေသည်။

မြတ်နိုးခွင့်Where stories live. Discover now