4 U/Z

1.7K 40 2
                                    

Uni

"မြတ်နိုးခွင့်"

"အပိုင်း ၄"

"ဘယ်လိုလဲ အိမ်ရဲ့ အပြင်အဆင်တွေ သဘောကျရဲ့လား လင်းမြတ်"

လင်းမြတ် သွားတန်းလေးတွေ ပေါ်အောင်ရယ်လိုက်ပြီး

"ကျေးဇူးပဲ ငကောင်း၊ ဒီလို စိတ်ငြိမ်တဲ့ နေရာကို ရွေးပြီး နေရာကောင်းလေးရှာပေးတာ ကျေးဇူး၊ တကယ် ကျေးဇူးပါ သူငယ်ချင်းရာ"

လင်းမြတ် စကားကြောင့် ကောင်းထက်လင်း ပြုံးလိုက်ပြီး

"မလိုဘူး ဟေ့ကောင်၊ ငါတို့က သူငယ်ချင်းတွေ"

ကောင်းထက်လင်း နှင့် လင်းမြတ်ပိုင် ဆိုတာ တက္ကသိုလ်မှာထဲက သူငယ်ချင်းတွေဖြစ်သည်။ ကျောင်းပြီးသည့် အချိန်မှာ  ကောင်းထက်လင်းက ကိုယ်ပိုင်စီးပွားရေးနှင့် ရပ်တည်နေနိုင်သော်လည်း လင်းမြတ် မှာသာ ဝါသနာကို မစွန့်လွှတ်နိုင်သဖြင့် ကိုယ့်ပိုင်စာပေတိုက်ထောင်ကာ စာရေးဆရာဘဝကို ခံယူထားသူဖြစ်သည်။

အခုလည်း စာရေးရန် အတွက် စိတ်ငြိမ်သည့် ရပ်ကွက်တွင် ခြံဝန်းတစ်ခုဝယ်ခဲ့ပြီး တစ်ယောက်ထဲ သီးသန့် လာရောက်နေထိုင်ခြင်းဖြစ်သည်။

"မင်း သဘောကျရင် ပြီးရောလေ၊ အင်း ငါ့ ပြန်မယ် လင်းမြတ်၊ အလုပ်ကိစ္စလေးတွေ ရှိသေးတယ်"

"ok နောက်မှဆုံမယ်"

သူငယ်ချင်း ဟုဆိုသော်လည်း သူတို့ နှစ်ဦးက ကျောင်းတော်မှာ ကတည်းက လည်ပင်းဖက်ပေါင်းလာသော အချစ်ဆုံး ညီကိုတွေဖြစ်သည်။ ထိုကြောင့်ပင် အခုအချိန်အထိ ပြောမနာဆိုမနာ လည်ပင်းဖက်ပေါင်းနေကြဆဲဖြစ်သည်။
                              💜💜💜

"ကိုဇိုင်းတို့ကတော့နော် ရူပါကလဲ ဖြောင့်၊ ဥစ္စာပေါ ရုပ်ချော၊ နေပါဦး ဒါလီ သိချင်လို့ မေးပါရစေဦး၊ ကိုဇိုင်း မိန်းမ မယူသေးဘူးလားဟင်"

သူ ပခုံးကို မှီကာ ချွဲနွှဲ့နွှဲ့မေးလာသော ဒါလီကြောင့် သူ့ နှုတ်ခမ်းကို တွန့်ရုံပြုံးလိုက်ပြီး

"ကိုယ် ချစ်ရမဲ့ သူ မတွေ့သေးလို့ မယူသေးတာ၊ မိန်းမယူပြီး ဘာလုပ်မှာလဲ တစ်ယောက်ထဲ ဖြတ်သန်းနေတဲ့ ဘဝကလဲ ကျေနပ်စရာပဲလေ၊ တစ်ခုတော့ ရှိတယ်၊ ကိုယ်ရင်ထဲက ဒဏ်ရာဟောင်းတွေ မကျက်သေးဘူး ဒါလီ"

မြတ်နိုးခွင့်Where stories live. Discover now