2 U/Z

1K 23 1
                                    

Uni

"မြတ်နိုးခွင့်"

"အပိုင်း ၂"

ဇိုင်း ကုမ္ပဏီအသစ်ဖွင့်ပွဲက အိမ်ပြန်ရောက်သည့် အခါ ည ၁၁ နာရီ ထိုးနေပြီဖြစ်သည်။ ပေါ်တီကိုအောက်တွင် ကားကို ရပ်ခဲ့လိုက်ပြီး အိမ်ထဲသို့ဝင်လာခဲ့ရာ ဧည့်ခန်းမှာ ထိုင်စောင့်နေသူက ကြိုး မဟုတ်ဘဲ ဒေါ်မြ ဖြစ်နေသဖြင့် မျက်ခုံးတွေကို တွန့်ကြုတ်သွားရလေသည်။

"တွယ်နှောင်ကြိုးက ဘယ်ရောက်သွားလဲ"

ဒေါ်မြ တစ်ယောက် သြဇာပပြည့်ခက်ထန်မှုအပြည့်ရှိနေသော သူ့ အသံကို ကြားလိုက်ရသည့်အခါ   ပြာပြာသလဲပင် သူ့အနားရောက်လာခဲ့သည်။

"ဟို ဟို ကြိုးလေးက အိပ်နေတယ်"

"ဘာ!"

သူ့ အသံက ဒေါသကြောင့် ဟိန်းထွက်သွားရသည်။

"ဒီအချိန်က အိပ်ရမဲ့ အချိန်လား၊ သူ့ကို ဘာပြောထားလဲ ကျွန်တော် မပြန်လာမချင်း မအိပ်ရဘူးလို့ မှာထားတယ် မဟုတ်လား"

"ဟို ဟိုလေ သခင်လေး ရိုက်ထားလို့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေချည်းပဲ၊ အဲ့ဒါ ကလေး အနာတွေ နာနေလို့ ကျွန်မသွားအိပ်ခိုင်းထားတာ"

ကြောက်ကြောက်လန့်လန့်ဖြင့် ဖြေနေသော ဒေါ်မြကို သူ စူးစူးရဲရဲကြည့်လိုက်ပြီး

"အိပ်ခိုင်းတိုင်း အိပ်ရမှာလား၊ ကျုပ် ခွင့်ပြုချက် မရဘဲ ဒီအိမ်မှာ နေတဲ့ သူတွေ ရေတောင်သောက်ခွင့်မရှိဘူး"

စကားအဆုံးတွင်  သူ လှေကားခြေရင်းမှ ကြိုး အခန်းထဲသို့ ဝင်ခဲ့တော့ ငတိမက အိပ်နေတာ ဆင်အော်သံပင် ကြားမည်မဟုတ်ပေ။

"ထစမ်း တွယ်နှောင်ကြိုး"

"အား ဟင် ဦးဇိုင်း"

အိပ်ပျော်နေသော သူမ တင်ပါးကို  အကန်ခံလိုက်ရသောကြောင့်  ကြိုး လန့်ပြီး နိုးသွားရလေသည်။

သူမ လျှင်မြန်စွာ ငုတ်တုတ်လေး ထထိုင်တော့  သူက သူမကို အကြမ်းပတမ်း ဆွဲထူ လိုက်ရင်း

"ငါ ပြန်မလာမချင်း မအိပ်ရဘူး ဆိုတာ မင်းနားမလည်ဘူးလား ဟင်"

မြတ်နိုးခွင့်Where stories live. Discover now