9 U/Z

1.6K 45 1
                                    

Uni

💜မြတ်နိုးခွင့်💜

💜အပိုင်း ၉💜

"သားတို့ မေမေက ဘယ်သွားတာလဲ ဖွားဖွား"

စကားတတ်လွန်းလှသော မြေးလေးရဲ့ မေးခွန်းကြောင့် ဒေါ်မြတ်ထားညို ချစ်စနိုးဖြင့် မြေးငယ်ရဲ့ ပါးလေးကို ခပ်ဖွဖွလေးဆွဲလိမ်လိုက်မိသည်။

"ဟိုအဝေးကြီးမှာ ကျောင်းသွားတက်တာလေ သားသားရဲ့"

"ဟုတ်လား"

မျက်လုံးလေးထောင့်ကပ်ကာ စဥ်းစားဟန်ပြုနေသော မိုးသောက်ဇိုင်းက လူကြီးလေး တစ်ယောက်သဖွယ် လွန်စွာချစ်စရာကောင်းနေရသည်။

"ဟုတ်တာပေါ့ သားသားရဲ့"

"မေမေက ဘာလို့ မီးမီးတို့ကို မခေါ်တာလဲဟင် ဖွားဖွား၊ ပြီးတော့ မေမေက မီးမီးတို့ဆီ ပြန်လာမှာလား ဟင်"

နှောင်ကြိုးတစ်မျှင် ဆိုသော ချစ်စဖွယ်  မြေးမလေးရဲ့ အမေးကြောင့် ဒေါ်မြတ်ထားညို သူမလေး၏ ကျောပြင်လေးကို ပွတ်သပ်ပေးရင်း

"ပြန်လာမှာပေါ့ သမီးလေးရယ်၊ သမီးတို့ မေမေက သမီးတို့ကို သိပ်ချစ်တာလေ"

သူမ စကားသံ၏ အဆုံးတွင် သမီးလေး အိမ်ပြန်ရောက်လာသည့် နေ့က အဖြစ်အပျက်ပုံရိပ်များက အထင်းသားပြန်ပေါ်လာခဲ့ရလေသည်။

"မေမေ"

ခရီးဆောင်အိတ်လေး ပစ်ချကာ သူမအား အားကိုးတကြီးဖက်တွယ် ငိုရှိုက်လာသော ချစ်ရပါသည့် သမီးငယ်။  ဒေါ်မြတ်ထားညို ရင်ထဲ စိုးရိမ်မှုတွေ လွန်ကဲလာကာ

"ဘာ ဘာဖြစ်လာတာလဲ သမီးလေးရယ်၊ မေမေရင်တွေပူလိုက်တာ"

"သမီး ဟိုလူကြီးနဲ့ ကွာရှင်းလာတာ မားမား"

"ဟင်"

"ဘာ ဘာပြောတယ် သမီး"

မထိတ်သာမလန့်သာ ရှိလှသော သမီး၏ စကားကြောင့် ဒေါ်မြတ်ထားညို သမီး မျက်နှာလေးကို ဆွဲမော့ယူကာ မေးလိုက်မိလေသည်။

ကြိုး ကလေး တစ်ယောက်လို ငိုရှိုက်ရင်း

"ကြိုး ရင်သွေးလေး အတွက် သူ့ဆီမှာ မနေနိုင်ဘူး၊ ကြိုး ကိုတောင် လက်စားချေချင်လို့ လက်ထပ်ခဲ့တဲ့ သူက ကြိုးရဲ့ ရင်သွေးလေးကို လိုချင်မှာမှ မဟုတ်တာ မေမေရယ်၊ ပြီးတော့လေ တီလေးနှင်းဆီ မသေဘူး မေမေ"

မြတ်နိုးခွင့်Where stories live. Discover now