Uni
💜မြတ်နိုးခွင့်💜
💜အပိုင်း ၃💜
ဒီကနေ့မှ ကြိုး ဘာဖြစ်တယ်ရယ် မသိ။ မေမေကို သတိရနေမိလေသည်။
"မေမေ"
မေမေကို တမ်းတမ်မှ သူမ မေမေ နှင့် ဖေဖေ ဆီကို အဆက်အသွယ်မလုပ်ရသည့်မှာ ဦးဇိုင်းနှင့် လက်ထပ်ပြီး "မဟာစံအိမ်" ကို ရောက်လာချိန်ကတည်းကဖြစ်သည်။ ဦးဇိုင်းက သူမအား အိမ်သို့ အဆက်အသွယ် လုပ်ခွင့်မပြုသလို အိမ်ထဲမှ အိမ်ပြင်လည်း ထွက်ခွင့်မပေးခဲ့ပေ။
ဒီကနေ့တော့ ဦးဇိုင်း မရှိချိန်အိမ်ကို ဖုန်းဆက်ရန် သူမ ဆုံးဖြတ်လိုက်လေသည်။
"ဟယ်လို"
"သမီးလေးလား"
"မေမေ"
သူမ အိမ်ဖုန်းကို ခေါ်လိုက်လေလျှင် တစ်ဖက်က မေမေသည် ချက်ချင်းဖုန်းကိုင်လာလေသည်။ မေမေ အသံကြားမှ သူမ ဟီးတိုက်ငိုချလိုက်မိလေသည်။
"သမီးလေး၊ မေမေ့ သမီးလေး အဆင်ပြေရဲ့လား သမီးလေး"
တစ်ဖက်မှ စိုးရိမ်စွာ မေးလာသော မေမေ အသံကိုကြားမှ သူမ မျက်ရည်တွေကို သုတ်ပစ်လိုက်လေသည်။
"ဟုတ်ကဲ့ မေမေ၊ သမီး အဆင်ပြေပါတယ်"
"ဒါဆို ဘာလို့ ငိုနေတာလဲ ကြိုးလေးရယ်၊ မေမေက ကြိုးလေးငိုသံကြားတိုင် မေမေ စိုးရိမ်စိတ်က ထိန်းမရဘူး ဆိုတာ သမီးသိတယ် မဟုတ်လား ကြိုးလေး၊ မငိုနဲ့၊ တိတ်တော့နော် ကြိုးလေး"
"ဟုတ် ဟုတ်ကဲ့မေမေ"
သားသမီးဆိုတာ မိဘနှင့် တွေ့ရင် ဝမ်းနည်းစရာတွေ ကြုံရရင် ငိုတတ်မြဲ မဟုတ်လား။ မေမေသာ အခုချိန် ကြိုးအနားမှာ ရှိခဲ့ရင် ကြိုး မေမေရင်ခွင် ခေါင်းတိုးဝင်ငိုမိမှာ အမှန်ပါ။
"ကြိုး မေမေဆီ လာချင်တယ် မေမေ"
"တောက်!"
ကြိုး ဖုန်းပြောနေရင်း နောက်ပါးဆီမှ အသံကြောင့် ကြိုး အသားလေးတွေ တဆတ်ဆတ်တုန်သွားရလေသည်။
"ဦး ဦးဇိုင်း"
သူမ လက်ထဲမှ ဖုန်းကို ဆွဲလုလိုက်ပြီး စက်ပါပိတ်လိုက်လေသူက ဇိုင်း ဖြစ်သည်။
YOU ARE READING
မြတ်နိုးခွင့်
Romanceချစ်ရသူသေဆုံးမှုကြောင့် ချစ်ရသူအား သေဆုံးစေခဲ့သည့် ချစ်ရသူရဲ့ တူမကို လက်ထပ်ယူပြီး လက်စားချေခဲ့သော ဇိုင်းကမ္ဘာ