11 U/Z

1.6K 32 0
                                    

uni

💜မြတ်နိုးခွင့်💜

💜အပိုင်း ၁၁💜

"မနေ့က ပွဲမတက်ဘဲ ဘာလို့ ပြန်သွားတာလဲ ဇိုင်းရာ"

သူ့ အရှေ့ဝင်ထိုင်ရင်း မူနွှဲ့နွှဲ့ဆိုလာသူက  ဒါလီကျော်ဖြစ်သည်။

ကျစ်။

စိတ်ရှုပ်နေရသည့် အထဲ သူမက တစ်မျိုး။ ဇိုင်း အလုပ်စားပွဲပေါ်မှ  ကြည့်နေသော စရင်းဖိုင်ကို ခဏချထားလိုက်ပြီး

"ကိုယ့် အလုပ်လေး နည်းနည်းရှုပ်သွားလို့ ဒါလီ၊ နောက်တစ်ခါဆို ဒါလီရဲ့  အလှကုန်ပစ္စည်းမိတ်ဆတ် ပွဲကို မပျက်မကွက် တက်ရောက်ပေးပါမယ်ဒါလီ"

"ဒါပဲနော်၊ ဒါလီက ဇိုင်း ပြောပြီးရင် အတည်ယူပြီးပဲ၊ ဒါလီကလေ ဇိုင်းရဲ့ အဟီး "

ကျွစ်။

စိတ်ရှုပ်ရသည့် အထဲ ဒီလင်တရူးမက တစ်မျိုး။ သူ့ သိတာပေါ့ ။ ဒီနှစ်တွေထဲ ဒါလီကျော် ဆိုသည့် ထိုအမျိုးသမီး သူ့ကို ရေလာမြောင်းပေးလုပ်နေသည့်ကို။ မသိသလို သူ့ နေခဲ့သည့်မို့  ဒါလီကျော် နှင့် ပတ်သတ်ပြီး အထွေအထူးတော့ သိပ်စဥ်းစားမနေတတ်တော့ပေ။

"ဒါလီ ကိုယ့်ဆီလာတာ ဘာကိစ္စလဲ"

"ဘာရယ်မဟုတ်ပါဘူး၊ ဟိုနေ့က ကိစ္စကို မကျေနပ်လို့ ရန်လာတွေ့တာ အဟွန့်"

"သြော်"

သူ့ ပုံစံက ခပ်ပေါ့ပေါ့ဖြစ်နေလေသည်။  ဒါလီ သူ့ကို ကြည့်ပြီး စိတ်အလိုမကျချင်တော့ပေ။

"ညနေလေ ညစာ အတူတူစားရအောင်လား ဇိုင်း"

"sorry ပဲ ဒါလီ၊ ကိုယ့် အချိန်တွေ အဲ့လောက်မပေါဘူး၊ ကိုယ့် သွားစရာရှိသေးတယ် ဒါလီ "

"ဇိုင်းကလည်းကွာ ခဏလေးကို"

"ဒါလီ"

ဇိုင်း စိတ်တိုစွာ အော်မိလေတော့ ဒါလီ မျက်နှာငယ်လေးဖြင့်

"ဇိုင်း သဘောပါ ၊ ဒါဆို ဒါလီ သွားတော့မယ်"

"အင်း"

စိတ်အလိုမကျခြင်းများစွာဖြင့် ဒါလီထွက်သွားတော့ ဇိုင်း ခေါင်းကိုသာ ဘယ်/ညာ ယမ်းပြီး ကျန်ရစ်ခဲ့ရလေသည်။
                                  💜💜💜

မြတ်နိုးခွင့်Where stories live. Discover now