13 U/Z

852 26 3
                                    

💜မြတ်နိုးခွင့်💜

💜အပိုင်း ၁၃💜

"ကြီးမြ နဲ့ မယ်ဥ ကြိုးပြန်တော့မယ်နော်"

ကြီးမြ  နှင့် မယ်ဥ ကို ကြိုး နှုတ်ဆက်လေတော့ နှစ်ယောက်စလုံး မျက်နှာ မကောင်းကြပေ။ ကြိုး သက်မနွေးနွေးကို ရှိုက်ရင်း

"ကြိုး သွားမယ်နော်"

"ဘယ်သူက မင်းကို သွားခိုင်းလို့လဲ"

အသံလာရာ ကြည့်လိုက်တော့ ဦးဇိုင်းဖြစ်နေလေသည်။ ဦးဇိုင်းကို တွေ့သည့် နှင့် မယ်ဦး နှင့် ကြီးမြ က ရှောင်ထွက်သွားကြလေသည်။  ဇိုင်းက သူမ အနားသို့ တစ်လှမ်းချင်း တိုးလာလေရာ ကြိုး နောက်ဆုတ်လိုက်ပြီး

"ရှင် ဘာလုပ်ဖို့လဲ"

မျက်လုံးပြူးလေးဖြင့် မေးလာသော သူမပုံစံကို ကြည့်ပြီး သူ အသည်းယားလာရသည်။

"အို အမေ့"

"ရှင်  ရှင် ဘာလုပ်တာလဲ၊ ဖယ် ၊ လွှတ်  လွှတ် ၊ ကျွန်မကို အခုအောက်ချပေး၊ ဦးဇိုင်းကမ္ဘာ ရှင့် မယုတ်မာနဲ့နော်"

သူမ  ခန္ဓာကိုယ်လေးကို စွေ့ခနဲ ပခုံးပေါ် ပွေ့တင်ကာ လှေကားထစ်များဆီမှ အပေါ်ကို တက်နေသော သူကြောင့် မျက်လုံးများ ပြူးကျယ်ကာ အတင်းအော်ဟစ် ထုရိုက်နေမိသူက ကြိုးဖြစ်သည်။ လူက သူ့ ပခုံးပေါ်ပွေ့တင်ထားသဖြင့် အမြင်အာရုံ အားလုံးက ဇောက်ထိုးတွေ ဖြစ်နေရလေသည်။ ကြိုးရဲ့ ခန္ဓာကိုယ် ပီစိလေးကို ဇိုင်း အသာထိန်းကာ လှေကားထစ်တစ်ထစ်ချင်းကို သတိနှင့် တက်နေရလေသည်။

မတော်၍ ချော်ကျသွားလေလျှင် နှစ်ယောက်စလုံး အသက်နှင့် ကိုယ် အိုးစားကွဲမှာဖြစ်သည်။

အခန်းရှေ့ရောက်တော့ အခန်းတံခါးကို အသာတွန်းဖွင့်ကာ သူမကို ကုတင်ပေါ် အသာတင်ပေးရင်း သူ့ အခန်းဝသို့ ပြန်လှည့်ထွက်လာရာ သူမ အသံစူးစူးလေးထွက်ပေါ်လာခဲ့လေသည်။

"ဟိတ် လူယုတ်မာ  ရှင်ဘာလုပ်တာလဲ၊ အခု ကျွန်မ ပြန်မယ်"

"အာ့"

အခန်းတံခါးကို အေးအေးလူလူ ပိတ်နေသော ထိုလူကြီးကို စိတ်တိုစွာ ကျောပြင်ကို ထုရိုက်တော့ သူက တံခါးကို ပိတ်ပြီး သူမ ခါးသိမ်သိမ်လေးကို ပွေ့ဖက်လာလေသည်။ ထိုနောက် မြွတ်သိမ့်လှသော အနမ်းတစ်ခုက သူမ နှုတ်ခမ်းလေးပေါ် နွေးလျှစွာ ကျရောက်လာခဲ့သည်။ ပထမတော့ ကြိုးလည်း ကြောင်အစွာ ငြိမ်နေပြီးမှ အသိဝင်လာသည့်အခါ သူ့ဦးခေါင်းနှင့် သူမဦးခေါင်းကို အရှိန်နှင့် စောင့်ချလိုက်မိလေသည်။ နာကျင်သွား၍ ထင်ပါရဲ့။ ဆောင့်မိသော သူ့ နံဖူးကို သူ လက်ဖြင့်ဖိပွတ်ရင်း

မြတ်နိုးခွင့်Where stories live. Discover now