"Taehyung.."
တံခါးခေါက်ကာသူမခေါ်လိုက်သည်။
"ဪ....yoon"
Taehyungတံခါးဖွင့်ပြီးပြီးချင်းမှာပဲ အခန်းထဲကိုသူမဇွတ်တိုးဝင်လိုက်သည်။
ထိုလုပ်ရပ်ကြောင့် Taehyungမျက်နှာပျက်သွားတာကိုသူမတွေ့သည်။
"ဘာပြောမလို့လဲyoon"
"ထွေထွေထူးထူးတော့မရှိပါဘူး...ဟို..ဟိုဟာ"
သူမလုပ်ရမဲ့တာဝန်မလို့သာ Taehyungအခန်းထဲကိုဇွတ်ဝင်လာရတာ တကယ်ဆိုသူdialogueတွေဘာမှမစီစဉ်ထားရသေးပေ။
ထို့ကြောင့် ရောက်တတ်ရာရာပဲသူပြောရတော့မည်။
"နင်...ငါ့ကိုမကြိုက်တော့ဘူးလားTaehyung"
Taehyungဆီက ဒီမေးခွန်းအတွက် ဘာစကားမှထွက်မလာပေ။
"Taehyungနင်အရင်ကငါ့ကိုချစ်ခဲ့တယ်ဆိုတာကိုငါသိပါတယ်...အခုရောငါ့ကိုချစ်သေးလား..."
"မရူးစမ်းပါနဲ့yoonရယ်"
"နင်ငါ့အပေါ်မှာစိတ်ရှိသေးတယ်ဆိုရင် ငါတို့တွဲကြရအောင်လေနော်...ငါလဲနင့်ကိုချစ်နေပြီဟ"
"Yoon.."
"အွန်းအွန်း ပြော"
"ငါနင့်ကိုမချစ်တော့တာကြာပြီ...ပြီးတော့ငါမျက်ဝန်းဝိုင်းလေးကိုဖွင့်ပြောထားတယ်ဆိုတာလည်းနင်သိပါတယ်..."
"ဒါပေမဲ့...သူမှနင့်ကိုလက်မခံရသေးတာ"
"ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကိုပဲချစ်တာ...ငါသူ့ကိုပဲချစ်မှာ"
စိတ်ထဲကမပါတဲ့မျက်ရည်များအား ညှစ်ထုတ်ကာTaehyungသနားအောင်လဲလုပ်ပြရသေးသည်။
"ဘာလို့လဲ...အရင်ကနင်ပဲ ငါမှငါဖြစ်ခဲ့တာလေ"
"Yoon...ငါပြောတာကိုနင်နားလည်ပါတယ်...အခုချိန်မှာငါမျက်ဝန်းဝိုင်းလေး တစ်ယောက်ထဲကိုပဲချစ်တာ..."
"Taehyung ငါက..."
"တော်တော့yoon...ငါမင်းကိုဒီလောက်ပဲမျက်နှာသာပေးတော့မယ်..."
သူမ ပြန်ပြောဖို့ပြင်လိုက်ပေမဲ့ အခန်းနားကိုတဖြေးဖြေးလာနေတဲ့ ခြေသံကြောင့် လမ်းလွှဲလိုက်ရတော့သည်။
ချက်ချင်း Taehyungအနားသို့သွားကာ နှုတ်ခမ်းချင်းထိလိုက်တော့သည်။
