မိတ်ဆက်ခြင်း
ဒီဇာတ်လမ်းလေးက အေအတွက်တော့ စိန်ခေါ်မှု နည်းနည်းပါပါတယ်။ အေ ဖန်တီးမယ့် ပထမဆုံးသော ရွာဓလေ့မို့လို့ပါ။
မြန်မာ့ရွာဓလေ့မို့ ချစ်စရာကောင်းအောင်၊ ကျေးလက်လူနေမှုလေးတွေ ပေါ်လွင်အောင် ကြိုးစားသွားပါ့မယ်။ မြန်မာ့ရွာဓလေ့လေးတွေက ချစ်စရာကောင်းတာကြောင့် စိတ်ကူးယဉ်နဲ့ ဖန်တီးဖို့ အတော်လေး ဝန်လေးခဲ့ပါတယ်။ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့် စာဖတ်သူတွေကို အတွေးမှားတွေ၊ အမြင်မှားတွေ ပေးမိမှာကို ဝန်လေးတာပါ။ အဲ့အတွက် အများကြီး ကြိုးစားထားပါတယ်။
ဒီ fic လေးမှာ အေ ပရဟိတလုပ်ခဲ့စဉ် ရောက်ဖူးခဲ့တဲ့ ကျေးလက်ဒေသလေးတစ်ခုကို စိတ်ကူးနဲ့ ပုံဖော်ပြီးမှ "လေးအိမ်တန်း" ဆိုတဲ့ ရွာလေးကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
ဒီရွာလေးက အပြင်မှာရှိတဲ့ ရွာပုံစံလေးနဲ့ တူညီမှာဖြစ်ပေမယ့် ဇာတ်ကွက်တွေ ဇာတ်ကောင်တွေကတော့ အေရဲ့ စိတ်ကူးသက်သက်သာပါ။ ရွာဓလေ့လေးတွေကို ဖော်ပြတဲ့အခါ တကယ်ရှိရင် ရှိကြောင်း မှတ်ချက်နဲ့ သေချာပြောပြမှာဖြစ်ပြီး အေရဲ့ စိတ်ကူးဆိုရင်တော့ စိတ်ကူးယဉ်ဖြစ်ကြောင်း မှတ်ချက် ထည့်သွင်းသွားပါ့မယ်။
ရွာနာမည်က အပြင်မှာ တကယ် ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် အေပုံဖော်ထားတဲ့ ရွာလေးရဲ့ နာမည်အမှန်ကတော့ သက်သက်ရှိပါတယ်။
အညာကျေးလက်မဟုတ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသက ရွာလေးဖြစ်ပါတယ်။
ဖတ်ရှုကြည့်ပြီး သဘောကျရင် အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ချစ်စရာ ဇာတ်ကောင်လေးတွေနဲ့ ချစ်စရာ ရွာဓလေ့လေးကို ခံစားပေးပါဦးနော်။
Mahuyar@Della
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)