အပိုင်း - ၁၂
-ဒုန်း ဒုန်း ဒုန်း ဒုန်း-
"ကိုသစ် ကိုသစ်.. ဟောဟဲ.. ဟောဟဲ.. တံခါး ဖွင့်ပါဦးဗျ.. ကိုသစ်ရေ.. ကိုသစ်"
တံခါးကို တဒုန်းဒုန်းထုရင်း အော်နေသူက ခခ။ သစ် သဘတ်လေး ပခုံးပေါ်တင်ကာ တံခါးဖွင့်ဖို့သွားရပါ၏။ မနက် (၇) နာရီသာ ရှိသေးတာမို့ ဒီအချိန်ဆိုတာ သစ် ရေမိုးချိုးနေချိန်။ ခခက ဒီချိန် ရောက်လာလေ့မရှိ။ ခုတော့ ဘာကိစ္စရှိလဲ မပြောတတ်။
-ချောက်-
သစ် တံခါး ဖွင့်လိုက်တော့ ခခက သစ်ကို မော့ကြည့်ပြီး တံတွေးမြိုချပါ၏။
ခခက ထုံးစံအတိုင်း ရှပ်အင်္ကျီပြောင်လေးနဲ့ ပုဆိုးကွက်စိတ်လေးကို ဝတ်ထားတာပင်။ ဖွေးနုပြီး ချစ်စရာကောင်းလှသည့် မျက်နှာလေးက မောနေတာကြောင့်ရော ပူနေတာကြောင့်ပါ ခပ်နီနီလေး။ နဖူးမှာလည်း ချွေးလေးတွေ စို့လို့။ သို့သော် အလှကတော့ တစ်စက်လေးမှ လျော့မသွား။
"ခခ.. အမောတကောနဲ့.. ဘာဖြစ်လာတာလဲ"
"ဟို.. ဟို.."
"အင်း.. ပြော.. ဘာဖြစ်လာတာလဲ ခခ"
သစ် ပြောလည်းပြော ပခုံးပေါ်က သဘတ်လေး ယူပြီး ခခ နဖူးပေါ်ရှိ ချွေးစက်လေးတွေကို သုတ်ပေးလိုက်သည်။
"ဖုန်း.. ဖုန်းဆက်ပေး"
"ဟင်.. ဘယ်သူ့ကို ဆက်ပေးရမှာလဲ"
"ဟောဟဲ.. ဟို.. ဟို.."
"ဖြည်းဖြည်းပြော.. လာ.. လာ အိမ်ထဲဝင်"
သစ် အိမ်ထဲ ဝင်ဖို့ပြောရသည်။ သို့သော်...
"အာ.. မဝင်ဘူး.. ဟောဟဲ.. ကိုသစ်က တုံးလုံးကြီးနဲ့.. ကြောက်တယ်"
"ဟမ်"
ခခ ပြောမှ သစ် ကိုယ့်ကိုယ်ကို ငုံ့ကြည့်ရသည်။ သစ်က ကိုယ်တုံးလုံးတော့ ဖြစ်မနေပါ။ ပုဆိုးတော့ ဝတ်ထားပါ၏။ အပေါ်ပိုင်းကတော့ အင်္ကျီမဝတ်ရသေးသည့်အတွက် ဗလာကျင်းလျှက်။
"ကိုသစ်က ဒီလိုကြီးလေ.. မဝင်ပါဘူး"
"ဟား.. ဟား.. တုံးလုံးမဟုတ်ပါဘူးကွ..ကိုယ် ပုဆိုးဝတ်ထားပါတယ်.. ကိုယ်က ခုမှ ရေချိုးပြီးလို့ပါကွာ"
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)