အပိုင်း - ၂၅
ရန်ကုန်မှာ ဆေးခန်းပြပြီး ပြန်ရောက်လာတော့ ခခက သစ်နားပိုကပ်လာသည်။ ပိုပြီး ရင်းနီးလာသည့် သဘော။ ခခက သွေးအားနည်းတာကလွဲရင် ကျန်တာ ကြီးကြီးမားမား ပြဿနာရှိမနေ။ ဆေးစစ်ချက်တွေ ထွက်လာမှသာ သစ် သက်ပြင်းချနိုင်ခဲ့တာပင်။
ခခကတော့ ဘာမှမဖြစ်သလို။ ဒီကလေး ပေါ့ပေါ့ပါးပါးနေတတ်လွန်းတာကိုတော့ ချီးကျူးရပါမည်။
ဒယ်ဒီနဲ့ မာမီကတော့ ခခနဲ့အတူ (၁) ပတ်လောက် နေလိုက်ရသည့်အတွက် ပျော်မဆုံး။ ခခက သစ်တို့၏ အိမ်ထက် လေးအိမ်တန်းက အိမ်ကိုသာ ပိုလို့ သဘောကျပါသည်တဲ့။ သူ ကြီးပြင်းခဲ့သည့်နေရာမို့ သံယောဇဉ်ပိုတာ ဖြစ်လေဟန်။
သစ်နဲ့ ခခ လေးအိမ်တန်းကို ပြန်လာကြတော့ မာမီက ခိုးပြီးငိုသည်။ ထို့ကြောင့် သစ် နှစ်သိမ့်ပေးခဲ့ရပါသေးသည်။ ဒယ်ဒီကတော့ စိတ်မကောင်းသည့်တိုင် ဘာမှ မပြောခဲ့ပါ။
ထို့အပြင် ဒယ်ဒီက သစ်နဲ့ ခခ၏ အနေအထားကိုလည်း သဘောပေါက်သည်။ မာမီကိုသာ သစ် အသိမပေးရသေးတာပင်။ ဒယ်ဒီ သဘောပေါက်တာလည်း မဆန်းလှ။ ခခက ဒယ်ဒီ့အား လက်မှတ်ထိုးစေပြီး သစ်ကို တောင်းထားသည်လေ။ ထို့ကြောင့် ဒယ်ဒီကတော့ သိပြီးသားဖြစ်ပါလိမ့်မည်။
"ကိုသစ်"
"ဟေ.."
စာရင်းတွေ ဖြည့်ပြီး လူနာမှတ်တမ်းတွေ ကြည့်နေသည့် သစ်။ ခခ ခေါ်သံကြောင့် စာအုပ်ကို ပိတ်ရသည်။ သစ်အတွက် ခခက ပထမဦးစားပေး မဟုတ်ပါလား။
"ဒီနေ့ညနေလောက်ကျရင် ရွာအနောက်ဖက်က နေကြာခင်းထဲ သွားရအောင်"
ခခက သစ်ကို လိုက်ပို့ချင်တာတွေ ရှိတိုင်း ခုလို လာခေါ်နေကျ။ သိပ်တော့ မထူးဆန်းပါ။
"အင်း.. သွားမယ်လေ.. ခခက ကိုယ့်ကို နေကြာခင်းပြချင်လို့လား"
"မဟုတ်ပေါင်.. သား နေကြာစေ့ ကော်စားချင်လို့"
"ဟေ.. အဲ့တာများ ကိုယ့်ကို လိုလို့လားကွ"
"အားယို ကိုသစ်ကလေ .. ဘာမှ မသိဘူး.. သူများဖင်ကြည့်ဖို့ပဲ သိနေလိုက်"
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)