အပိုင်း - ၁၇
ညနေစာစားပြီးချိန် အမိုးနဲ့ အဘကတော့ အိပ်ခန်းဆီ ဝင်သွားကြလေပြီ။ ရွာရှိ လူကြီးတွေက စောစောအိပ်တတ်ကြသည်။ မနက်ဆိုလည်း စောစောထကြသည်။
ဖြူကတော့ စာဖတ်မည်ဆိုကာ အပေါ်တက်သွားပါ၏။ တကယ်တော့ သစ်ကို ရှောင်ပေးပုံရပါသည်။ သစ် ခခ အပေါ် ဘယ်လိုသဘောထားလဲ ဖြူ သိပြီးသားပင်။ ထို့အပြင် ခခ၏ ဘဝလျှို့ဝှက်ချက်ကလည်း ရှိနေသေးသည်မဟုတ်လား။
ခခက လက်ဖက်သုတ်ပန်းကန်လေးကို သစ်၏ ရှေ့မှာ လာချပေးသည်။ ပြီးမှ TV ဖွင့်ကာ DVD စက်လေးထဲ DVD ခွေ ထည့်ပါ၏။ ထိုချိန်ထိ သစ်ကို ဘာစကားမှ မပြောသေးပါ။
သစ်ကတော့ ထိုကလေး လုပ်ကိုင်နေပုံကို ကြည့်ပြီး အသည်းတယားယား။ ခခ၏ မျက်နှာလေးက စူပုတ်ပုတ်။ ညနေက ဖြစ်ထားသည့် ကိစ္စအား အခဲမကျေသေးပုံ။
ဒါတောင် သစ် တော်တော်လေး ပြန်ချော့ထားခဲ့ရတာပင်။
ခဏကြာတော့ သစ်အနားလာထိုင်ပါ၏။
"ဇာတ်ကားကြည့်ရင်း လက်ဖက်သုတ်စားမယ် ကိုသစ်"
ပြောပုံလေးက အူယားဖွယ်။ သစ် ထိုကလေးကိုသာ ပြုံးရင်း ကြည့်နေမိပါသည်။ အလင်ခ ဆိုတာ ကြည့်မဝစရာ လူသားလေး မဟုတ်ပါလား။
ဇာတ်ကားစလာသည့်အချိန် ခခက လက်ဖက်သုတ်စားသည်။ ရေနွေးလည်း ထည့်ထားပါသေး၏။
"ခခ.. ဒီချိန် လက်ဖက်စားရင် အိပ်ပျော်ပါ့မလား"
သစ် စကားစလိုက်ပါသည်။
"အိပ်ပျော်ပါတယ်.. ဘာလို့လဲ"
"ကိုယ်ဆိုရင် ဒီချိန် ကော်ဖီသောက်တာ လက်ဖက်သုတ်စားတာတွေ လုပ်လို့မရဘူး"
"ဘာလို့လဲ.. အဲ့တာတွေက အချိန်နဲ့ လုပ်ရတာလား"
"ဒါပေါ့ ခခရဲ့"
"သူများဖင်ကြည့်တာကျတော့ အချိန်သတ်မှတ်စရာ မလိုဘူးပေါ့နော် ဟွန့်"
"အမ်"
သစ် ရယ်ချင်စိတ်ကို ထိန်းထားရသည်။ ဒီချိန် ထရယ်မိပါက အိမ်ကနေ နှင်ထုတ်လေမလား မပြောတတ်။
"ဟုတ်လား"
"မဟုတ်ပါဘူး ခခရဲ့"
"ဒါဆို ဘာလို့ ဒီချိန် လက်ဖက်သုတ်စားလို့မရတာလဲ"
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)