အပိုင်း - ၂၄
ခခ ကိုသစ်နဲ့အတူ ရွာအနောက်လမ်းမှ နာရေးအိမ်တစ်ခုဆီ ရောက်နေရသည်။ ကိုသစ်ကို လေးအိမ်တန်းက လေးစားချစ်ခင်ကြသည်။ ဒါကလည်း ကိုသစ်၏ ဒီလို အပြုမူလေးတွေကြောင့်ပင်။
ကိုသစ်က ရပ်ရွာ၏ နာရေးတွေမှာ အမြဲ ထိပ်ဆုံးက ပါဝင်တတ်သူ။ ငွေကြေးမတတ်နိုင်သူတွေဆိုလျှင် သူ့အိတ်ကနေ စိုက်ထုတ်ပြီး ကူပေးသည်။ ဒီရက်ထဲ ဆေးရုံမှာ ကိုသစ်၏ ဖေဖေနဲ့ မေမေ ရောက်နေတာကြောင့် ကိုသစ်က ရွာထဲဆင်းဖို့ နောက်ဆံတင်းစရာလည်းမလို။
အခုလည်း နာရေးမှာ ကိုသစ်က အစစအရာရာ ကူညီပေးထားသည်။ နာရေးက (၅) နှစ်ကလေး၏ နာရေး။ ကလေးက နေမကောင်းဖြစ်ကာ ဆုံးပါးသွားတာပင်။ မိဘတွေ ဆင်းရဲကြသည့်အတွက် ဒီနာရေးကို ကိုသစ်ကပင် တာဝန်ယူပေးထားလေသည်။
"ကိုသစ်.. ပန်းတွေရပြီ"
ခခ ယူလာသည့် စံပယ်ပန်းတွေကို ကိုသစ်ဆီ ကမ်းပေးရသည်။ ကိုသစ်က ကလေးအလောင်းနားမှာ ဘာလုပ်နေလဲတော့ မသိ။ ခခက ဒီလို အနီးကပ် မြင်ရလျှင် ကြောက်တတ်သည်။
"အင်း.. ပေး"
ကိုသစ်က ပန်းတွေကို လှမ်းယူပြီး ရေခွက်ထဲ ထည့်သည်။ ပန်းတွေကတော့ အလောင်းဆင်ဖို့ ဖြစ်မည်။
"ဟို.. သား ရှေ့မှာ သွားနေလို့ရပြီလား"
ထိုအခါ ကိုသစ်က ခခကို မော့ကြည့်သည်။
"ကလေး ရေချိုးပေးရမှာ.. ခခက ကိုယ့်ကို ကူလေ"
"ဟင်.. ရေ.. ရေချိုးတာ သားပါ ကူရမှာလား"
"ဟုတ်တယ်လေ.. ကိုယ်တစ်ယောက်တည်းဆို ကြာနေမှာပေါ့"
"အွန်း.."
"ဘာလဲ.. ခခက ကြောက်တတ်တာလား.. လူတိုင်းသွားရမယ့်နေရာလေကွာ"
"အွန်း"
"ဘာလို့ကြောက်တာလဲ.. ကလေးက ခခကို ဘာလုပ်မှာကျလို့ကွာ"
"သိပါတယ်.. ဆရာမလုပ်နဲ့.. ကူဆိုလည်း ကူတာပေါ့.. သား မကြောက်ပါဘူးနော်"
"ဒီလိုမှပေါ့ ကိုယ့်ကောင်လေးက လိမ္မာလိုက်တာကွာ"
ထို့နောက် ကိုသစ်က လက်ဆေးပြီး မတ်တပ်ရပ်သည်။
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)