အပိုင်း - ၂၀
လေးအိမ်တန်းရွာမှာ တစ်နှစ်လျှင် တရားပွဲ (၂) ပွဲတော့ ကျင်းပကြပါသည်တဲ့။ အောက်ဖက်ကျောင်းမှာ (၁) ပွဲ၊ အထက်ကျောင်းမှာ (၁) ပွဲကတော့ နှစ်စဉ် ရှိပါသည်။ ရွာရှိ သူဌေးသူကြွယ်တွေက မ'တည်ကာ ဆရာတော်ကြီးများပင့်ဖိတ်ပြီး တရားပွဲကို ကျင်းပလေ့ရှိကြသည်။ အခုလည်း တရားပွဲရှိသည့်အတွက် ရွာကလူတွေ အားလုံး အောက်ဖက်ဆရာတော်ကျောင်းမှာ စုဝေးနေကြပြီ။
ဆရာတော်ကြီး တရားဟောမည့် စင်အောက်မှာ တရားနာဖို့ နေရာတွေ ပြင်ဆင်ပေးထားသည်။ ရွာရှိ တာဝန်ခံတွေကလည်း တာဝန်ကိုယ်စီနဲ့ အလုပ်ရှုပ်နေကြသည်။ ပျော်စရာဓလေ့လေးမို့ အကုန်းလုံးက မမောနိုင်မပန်းနိုင်ကြ။
တရားပွဲ ဘေးနား ကွင်းပြင်ထဲမှာတော့ မုန့်ဈေးတန်းလေးရှိပါသည်။ မြန်မာ့မုန့်လေးတွေကို ရောင်းချနေကြပြီး ဝယ်ယူသူတွေနဲ့ စည်းကားနေသည့် ဈေးတန်းလေး။
ခခက သစ် သယ်လာပေးသည့် စောင်းကို ထားရမည့် နေရာမှာ သွားပို့ထားလိုက်သည်။ ပြီးမှ သစ်ကိုခေါ်ပြီး ဈေးတန်းဖက် လာလျှောက်နေကြတာပင်။
"ကိုသစ် မြန်မာ့မုန့်တွေ ကြိုက်လား"
လမ်းလျှောက်ရင်း မေးလာသည့် ခခ။
သစ် ခေါင်းညိတ်ပြလိုက်သည်။ ခခက သစ်၏ မျက်နှာကို ကြည့်ပြီး မေးသည်လေ။
"ကြိုက်ပါတယ်.. ဘာလို့လဲ ခခ.. ကိုယ့်ကို ဝယ်ကျွေးမလို့လား.. အားနာစရာကြီးကွာ"
သစ်လည်း ဒီကလေးနဲ့မှာ လျှာသွက်၊အာသွက် ဖြစ်လာပြီ။ မဖြစ်လို့လည်းမရ။ ဒီကလေးက စကားအရမ်းတတ်သည်။
ထိုအခါ ခခက ခေါင်းလေးစာင်းပြသည်။ မဟုတ်သေးပါ' ဆိုသည့် သဘော။
"ဟုတ်ပါဘူး"
"အမ်.. မဟုတ်ဘူးလား.. ဒါဆို ဘာလို့ မေးတာလဲ"
"ကိုသစ် ကြိုက်တဲ့မုန့်ရှိရင် သားကို ဝယ်ကျွေးခိုင်းမလို့"
"အမ်.. ဘယ်လိုကြီးလဲ ခခရဲ့.. တစ်ယောက်ယောက်က ဒါလေးကြိုက်လားဆိုရင် ဝယ်ကျွေးဖို့ မေးကြတာလေ.. ခခကျတော့ ကိုယ်ကြိုက်တာ ခခကို ဝယ်ကျွေးရမယ်ပေါ့"
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)