အပိုင်း - ၈
ခခ နိုးလာတော့ မျက်နှာကျက်ဖြူဖြူနဲ့ ဆေးရုံရဲ့ ပိုးသတ်ဆေးအနံ့က ဆီးကြိုသည်။ ထို့ကြောင့် ဘာဖြစ်ခဲ့လဲဆိုတာ မနည်း ပြန်စဉ်းစားရပါ၏။ မျက်လုံးက ကောင်းကောင်းမဖွင့်နိုင်သေး။ ခေါင်းကလည်း တဆစ်ဆစ်ကိုက်နေသည်။ အတော်ကြာမှ ခခ မျက်လုံး ဖွင့်နိုင်လာသည်။
"အ့.."
ခခ အားယူပြီး ထလိုက်မိသည်။ ခန္ဓာကိုယ်က စိတ်သွားတိုင်းတော့မပါ။ ထို့ကြောင့် ကုတင်ကို အားပြုထားရသည်။
"ဒါ.. ဆေးရုံလား.. ဘယ်လိုလုပ် ရောက်လာတာလဲ.. ကျစ်.. ဖိုးထောင်နဲ့ ငလွင်ကို အထက်ကျောင်းဆီ သွားဖို့ ချိန်းထားတာ..ခုက ဘာကြီးလဲ"
ယိုင်နေသည့် ခန္ဓာကိုယ်ကြောင့် ကုတင်ကို တင်ပါးလေးနဲ့ မှီထားရပါ၏။
ထိုအချိန်မှာ ဝင်လာသူက ကိုသစ်။
"အင်.. ကိုသစ်"
"ခခ.. နိုးပြီလား ဘာလို့ ထနေတာလဲ.. ပြန်လှဲနေ.. လာ"
ကိုသစ်က ခခ၏ ပခုံးလေးမှ ထိန်းကာ ကုတင်ပေါ် ပြန်လှဲစေသည်။
"ထိုင်ချင်တယ်"
"အိုကေ.. အိုကေ.. ကိုယ်လုပ်ပေးမယ် ခဏစောင့်"
သစ် ခေါင်းအုံးနောက်တစ်လုံးသွားယူပြီး ခခ၏ ကျောနောက်မှာ ထည့်ပေးလိုက်သည်။ ပြီးမှ စောင်လေးကို ပြန်ခြုံပေးလိုက်ပါ၏။
"ဒါက ဆေးရုံလား ကိုသစ်.. သား ဘယ်လိုလုပ် ရောက်လာတာလဲ"
"အင်း... ဆေးရုံပေါ့.. မနေ့က ဘာဖြစ်လဲ မမှတ်မိဘူးလား"
သစ် မေးလိုက်သည့်အခါ ခခက ခေါင်းခါသည်။
"မမှတ်မိဘူး.. ဘာဖြစ်တာလဲ.. ဖိုးထောင်နဲ့ ငလွင်ကို ချိန်းထားပြီး အိပ်ပျော်သွားတာ ထင်တယ်"
သစ် ပြုံးရင်း ခခ၏ နဖူးလေးကို ထိလိုက်သည်။ ထိုအခါ ခခက လက်ကို ပုတ်ထုတ်ပါ၏။
"မထိနဲ့.. ဘာလုပ်တာလဲ.. ဖယ်"
"အမယ်.. မနေ့က မင်းကို ကိုယ် ကယ်ထားရတာနော်"
"ကယ်ထားတယ်.. ဘာလို့လဲ"
"မင်း မနေ့က သတိလစ်သွားလို့ .. ဖိုးထောင်နဲ့ သက်လွင်က ခေါ်လာပေးတာ"
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)