Part 3 (Uni)

6.1K 281 20
                                    

အပိုင်း - ၃

လေးအိမ်တန်းရွာက ငါးမွေးမြူရေးကို လုပ်ကိုင်ကြသည့်အတွက် ငါးကန်တွေ အတော်များများရှိသည်။

သာမာန်လူတန်းစားတွေကတော့ တံငါလုပ်ကာ ငါးဖမ်းကြရသည်။ ရလာသည့် ငါးတွေကို ငါးဒိုင်မှာ သွင်းပြီး ငါးဒိုင်က တဆင့် မြို့ပေါ်ဈေးတွေဆီ ပြန်လည်ဖြန့်ဖြူးပါ၏။ ပိုက်ချခြင်း၊ ပိုက်ထောင်ခြင်း စသည့် နည်းလမ်းတွေနဲ့ ငါးဖမ်းကာ လုပ်ကိုင်စားသောက်ကြသူတွေ အများအပြားရှိသည်။ ထို့ကြောင့် လေးအိမ်တန်းရွာလေးဘေးက စီးဆင်းနေသည့် မြစ်ထဲမှာတော့ လှေလေးတွေ ကို တွေ့ကြရမည်။ ငါးဖမ်းလျှင် လှေနဲ့သာ ပိုက်ချကြသည်။ စက်လှေတွေကိုတော့ သွားလာရေး အတွက်သာ သုံးကြတာ များသည်။

ငါးကန်ဆိုတာကတော့ ငါးမွေးမြူရေးကို စီးပွားဖြစ်လုပ်ကြသည့် လုပ်ငန်း။ ကန်ထဲမှာ ငါးသားပေါက်တွေကို စနစ်တကျထည့်သွင်း အစာကျွေးပြီး ကန်ဆွဲချိန်ရောက်သည်အထိ မွေးမြူကြတာပင်။ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန် စတာတွေကို မွေးမြူကြသည်။ ငါးစာကတော့ ဖွဲနုဖြစ်ပါ၏။

ကန်ဆွဲချိန်မှာတော့ ကန်ထဲကရေတွေအကုန် စုပ်ထုတ်ပြီး ကန်ထဲက ငါးတွေကို ယူရသည်။ ထိုအခါ ပွဲပေးပြီး အလှူလုပ်ကြတာကတော့ ရွာ၏ အယူအဆ ဓလေ့တစ်ခု။ ထို့ကြောင့် ကန်ဆွဲချိန်ဆို ကန်ပိုင်ရှင် သူဌေးတွေက ရွာလုံးကျွတ် မီးခိုးတိတ်အကျွေးအမွေးကို (၇) ရက်တိတိ ပြုလုပ်ကြပါ၏။ ထိုရွာ၏ ဓလေ့များထဲမှ တစ်ခုပင်။

တောင်ပိုင်းသူဌေးတွေက တောင်ပိုင်းဘုန်းကြီးကျောင်းမှာ အလှူပေးသလို မြောက်ပိုင်း သူဌေးတွေက မြောက်ပိုင်းဘုန်းကြီးကျောင်းမှာ အလှူပေးသည်။

ခခတို့မှာလည်း ငါးကန် (၅) ခု ပိုင်ဆိုင်သည်။ ခုကတော့ နွေပေါက်စမို့ ကန်တွေမဆွဲသေး။

ကန်ဘောင်ပေါ်မှာ ထိုင်ရင်း ထမင်းချိုင့်ကို ဖွင့်လိုက်သည်။ ထို့နောက် ခခ ပြုံးလိုက်ပါ၏။ အကြောင်းမဲ့ ရုတ်တရက် ထပြုံးသည့် ခခကြောင့် ဖိုးထောင်က ခခကို ကြည့်သည်။

"ဟေ့ကောင်.. ခခ.. ဘာတွေ ဒီလောက်သဘောကျပြီး ပြုံးနေတာလဲ"

ဖိုးထောင် မေးလိုက်မှ ခခ ထရီမိတော့သည်။

နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)Where stories live. Discover now