အပိုင်း - ၉
ဖြူက ခခ၏ ဆေးရုံခန်းထဲကနေ ထွက်လာပြီး သစ်ကို ကော်ဖီဖျော်ပေးသည်။ သစ် အပြင်က နားနေခန်းမှာ ထိုင်လျှင် ဖြူက ထိုတာဝန်ကို ယူထားပါသည်။ ဒီနေ့က အခြား သူနာပြုလေးတွေ မရှိကြ။ ရွာထဲ ဆင်းနေကြသည်။ ထို့ကြောင့် သစ်နဲ့ ဖြူက ဆေးရုံမှာ စောင့်ဖို့ တာဝန်ကျသည်။ ဒီလို အချိန်ဆို သစ်က သီးသန့် ရုံးခန်းထဲမှာ သိပ်မနေ။ ဖြူနဲ့ ရွာအကြောင်းတွေ ပြောရင်း အပြင်မှာသာ ထိုင်လေ့ရှိသည်။
"ခခ အိပ်သွားပြီလား"
သစ် စကားစလိုက်မှ ဖြူက ကော်ဖီခွက် ချပေးရင်း ခုံလေးမှာ ဝင်ထိုင်သည်။
"ခုပဲ အိပ်သွားတယ် ကိုသစ်"
"ဆေးထိုးပေးတော့ ဂျီကျသေးလား"
"ဖြူကိုတော့ သိပ်မဂျီပါဘူး.. ဆေးက နည်းနည်းအောင့်တယ်တဲ့.. မအိပ်ခင်တော့ စိတ်ကောက်နေသေးတာ"
"အင်း.. ဆေးက နည်းနည်းတော့ အောင့်တယ်"
"ခခက ဆေးထိုး ဆေးသောက်တော့ မကြောက်ပါဘူး.. ဒီတိုင်း ဖြူကို ဆိုးချင်လို့ ဂျီကျတာမျိုးပါ"
"အိမ်မှာလည်း ဖြူကို ခုလိုပဲ ဆိုးနေကျလား"
"ဟင့်အင်း.. အမိုးနဲ့ဆို ပိုချွဲတယ်.. ဖြူနဲ့ကျတော့ သူ သိပ်မချွဲဘူးလေ"
"အဲ့လိုကိုး.. ခခကို ချစ်ကြတယ်နော်"
"ဟုတ်တယ်.. ကိုသစ်.. ခခကြောင့် ဖြူတို့ အိမ်လေးက စည်ပင်နေရတာ.. ဒီကလေးက ချစ်အောင် သိပ်နေတတ်တာ"
ဖြူက ခခကို အတော်လေးချစ်ပုံရသည်။ ခခ အကြောင်းပြောလျှင် မျက်ဝန်းတွေကအစ ပြုံးနေတတ်ပါ၏။ ခုလည်း ပြောနေပုံက သိပ်ကို သိသာသည်။
"အင်း"
"ခခက ကိုသစ်ကိုတော့ စိတ်ဆတ်နေပုံရတယ်နော်"
"ဟုတ်မယ်.. သူ နိုးလာကတည်းက ကောက်နေတော့တာ"
ထိုအခါ ဖြူက ပါးစပ်ကို လက်လေးနဲ့ အုပ်ပြီး ရယ်သည်။
"ကိုသစ်က သူ့ကို အင်္ကျီတွေလဲပေးတာကိုး.. ဘယ်ကြည်ပါ့မလဲ"
"ဟား.. ဟား.. ကျွန်တော်က သူဖျားမှာစိုးလို့ပါ"
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)