Part 18 (Z)

747 33 0
                                    

အပိုင်း - ၁၈

သစ် ဆေးရုံမှာ စာရင်းတွေနဲ့ လိုတာတွေ ဖြည့်နေရသည်။ ဆေးရုံမှာ လိုအပ်သည့် ဆေးဝါးတွေ၊ ပစ္စည်းတွေကို သက်ဆိုင်ရာဆီ စာရင်းပို့ရသည်လေ။ ထိုတာဝန်အား သစ်နဲ့ ဖြူကသာ တာဝန်ယူကြရပါ၏။ ခုတလော ဖြူက ကိုယ်ဝန်ဆောင်တွေ လိုက်ကြည့်ရတာများသည်။ ထို့ကြောင့် ဒီလတော့ ထိုတာဝန်ကို သစ်တစ်ယောက်တည်းသာ လုပ်ရတော့မည်။ လုပ်နေကျအလုပ်ဖြစ်သည့်အတွက် သစ် တစ်ယောက်တည်းလည်း အဆင်ပြေနေပြီ။ သစ်က အခု ဆေးထိုးခန်းထဲမှာ စာရင်းစာရွက်တွေနဲ့ အလုပ်များနေတာပင်။

-ဒေါက် ဒေါက်-

တံခါး ခေါက်သံကြောင့် သစ် အသံပြုလိုက်ရပါ၏။

"ဟုတ်ကဲ့... ဘယ်သူလဲခင်ဗျ"

"ကျွန်တော်ပါ ကိုသစ်.. ဦးပါဗျ"

သစ် ပြုံးလိုက်မိပါ၏။ သူကြီး၏ သားလေး ပြည့်စုံဦး။ သူ့ကိုယ်သူ ဦး'ဟုသာ သုံးစွဲပါသည်။ ဘယ်လိုမှ ပြင်ပေးလို့မရ။ သစ်အနေနဲ့လည်း ထိုကလေးအား ဦးလို့ မခေါ်နိုင်ပါ။

"ဝင်ခဲ့ပါ ညီ"

-ကျွီ-

ပြည့်စုံဦးက ဝင်လာတာနဲ့ သစ်ကို သွားလေး ဖြီးပြပါသည်။ ဒီကောင်လေးကလည်း အတော့်ကို ချစ်စရာကောင်းပါသည်။

"ကိုသစ် နေကောင်းလား.. ဦးက ကိုသစ်ကို သတိရနေတာ"

ပြည့်စုံဦးက သစ်ကို တကယ်ကြီး ကြွေနေလေသည်လား။ အစကတော့ ကလေးမို့ စိတ်ကစားတာဟု သစ် ထင်ခဲ့မိပါ၏။ အခုတော့ ထိုသိုမဟုတ်လောက်။ ပြည့်စုံဦးက တကယ်ပင် သစ်ကို သဘောကျနေပုံရပါသည်။ သို့သော် သစ်၏ နှလုံးသားကို သက်တန့်ရောင်ခြယ်နိုင်သည့် ကောင်လေးက ခခပင်။ သစ်၏ ရင်ခုန်သံတွေက ခခနဲ့မှ သက်ဝင်လှုပ်ရှားခဲ့တာဖြစ်သည်။ ထိုကလေး၏ နေရာမှာ အခြားနောက်တစ်ယောက်ဆိုတာ ဘယ်သောအခါမှ ရှိလာတော့မည်မဟုတ်။

"ဟုတ်လား"

"ဟုတ်တယ်.. ကိုသစ်ရော... ဦးကို သတိမရဘူးလားဟင်"

"အမ်.. ကိုယ်က ဘာလို့ ညီကို သတိရရမှာလဲ"

"ကိုသစ်က စိမ်းကားလိုက်တာဗျာ.. ဦးက ကိုသစ်ကို သတိရတယ်လေ.. ကိုသစ်လည်း သတိရမှပေါ့.. ဦးက ကိုသစ်နဲ့ အကြာကြီး အတူတူနေခဲ့တာ.. ကိုသစ်ရဲ့ ပိုင်ဆိုင်ရာနယ်မြေထဲမှာလေနော်"

နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)Where stories live. Discover now