အရင်ဆုံး သစ်နဲ့ ခခဆိုတဲ့ ခရီးလေးမှာ လိုက်ပါပေးခဲ့ကြတဲ့ စာဖတ်သူ တစ်ယောက်စီကို ကျေးဇူးတင်ပါတယ်။
ဒီ fic လေးက အေအတွက် အတော့်ကို ရိုးရှင်းလှတဲ့ ဖန်တီးမှုတစ်ခုပါ။
ဒါပေမယ့် ချစ်စရာကောင်းပြီး တန်ဖိုးထားရမယ့် ဓလေ့လေးတွေကို ထည့်သွင်းခဲ့တာလေးတွေ ရှိတာကြောင့် အများကြီး ကြိုးစားခဲ့ရပါတယ်။
ဓလေ့ထုံးတမ်းတွေကို စိတ်ကူးတွေနဲ့ ပေါင်းစပ်ရတဲ့အခါ စာရေးသူအနေနဲ့ အရမ်းသတိထားခဲ့ရတာပါ။
စာဖတ်သူတွေထဲ ကလေးတွေပါလာတဲ့အခါ ချစ်စရာဓလေ့လေးတွေကို အမှားကို အမှန်ထင်ဖြစ်မှာ သိပ်ကို ကြောက်ပါတယ်။
အဲ့အတွက်လည်း မသိတာတွေဆို စာအုပ်တွေဖတ်ရ၊ သိတဲ့သူတွေကို မေးရ၊ မှတ်စုတွေ ထုတ်ရနဲ့ အားစိုက်ခဲ့ပါတယ်။
သို့သော် အမှားအယွင်းနဲ့ လိုအပ်ချက်တွေ ပါရှိခဲ့ရင် စာရေးသူရဲ့ ပညာမပြည့်ဝမှုကြောင့်သာ ဖြစ်ပါတယ်။
သစ်နဲ့ ခခကို ဇာတ်အရှည်မဆွဲတာက အေ plot စချ ကတည်းကပါ။ မန့်လေးတွေမှာ မခွဲချင်ဘူး။ ခခကို ချစ်တယ်။ ဒီလိုလေးတွေ တွေ့ရတဲ့အခါ အရမ်းပျော်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
ဒါပေမယ့် အပိုင်း (၂၀) လို့ မှန်းထားတဲ့ ဒီ fic လေးကို (၂၇) ပိုင်းထိ ရေးနိုင်ခဲ့ပါပြီ။ စာဖတ်သူလေးတွေရဲ့ အားပေးမှုတွေကြောင့် အများကြီး အားတက်ခဲ့ရတာပါ။
ဒီတော့ အေရဲ့ နောက်ထပ် အသစ် အသစ်သော ရင်ခုန်သံလေးတွေကိုလည်း လာရောက် ခံစားရင်း ရင်ခုန်သံလေးတွေ ချိန်ညှိပေးကြဖို့ မျှော်လင့်ရင်း..။
Mahuyar
Mahuyar
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)