ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းလေးကိုတော့ "လေးအိမ်တန်း" ဆိုတဲ့ ရွာလေးမှာ အခြေတည်ထားပါတယ်။
လေးအိမ်တန်းဆိုတဲ့ ရွာလေးဆီ တာဝန်ကျလာတဲ့ ဒေါက်တာဇမ္ဗူသစ်။ UK ကနေ ပါရဂူဘွဲ့ရထားတဲ့ ဒေါက်တာဇမ္ဗူသစ်က ဒီရွာလေးကိုမှ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့ပါတယ်တဲ့။ ခန့်ညားချောမောပြီး တည်ငြိမ်ရင့်ကျက်တဲ့ သစ်။
ရွာမှာရှိနေတဲ့ ပွဲတိုင်းကျော် အမွှေစိန်လေး အလင်းခ။ မွှေစရာမရှိရင် ပါးစပ်ထဲ လက်ထည့်မွှေနေတတ်တဲ့ ကောင်လေး။ ပျော်ပျော်နေတတ်တဲ့ ကောင်လေး ခခ။ အမွှေစိန်လေးဆိုပေမယ့် အခြားသော ရွာသားတွေနဲ့မတူ သိပ်ကိုလှပတဲ့ကောင်လေး။ တော်ရုံမိန်းကလေးမမှီတဲ့ အလှတရားနဲ့ ကောင်ငယ်လေး။
ဒေါက်တာနဲ့ အလှလေး ခခတို့ ဘယ်လိုတွေ ဆုံတွေ့ကြမလဲ။
အဓိက ဇာတ်ကောင်တွေအပြင် အရံတွေကိုပါ သေချာလေး ပုံဖော်ရေးသားသွားမှာပါ။
ဇာတ်ကွက်တွေကတော့ ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန်လေးတွေပဲ ပါပါလိမ့်မယ်။
ရွာဓလေ့လေးတွေနဲ့ ချစ်စရာကောင်းအောင် ဖန်တီးသွားပါ့မယ်။
ခခတစ်ယောက် ရွာမှာ တာဝန်ကျလာတဲ့ ဒေါက်တာလေးကို ဘယ်လိုတွေမွှေပြီး နှလုံးသားတံခါးကို သက်တန့်ရောင် ဘယ်လိုခြယ်မှာလဲ။
ဒါဆိုရင်တော့ အေနဲ့အတူ ဒေါက်တာနဲ့ ခခဆီ အလည်သွားကြရအောင်နော်။
+ကတော့ လိုအပ်ရင်ပါဝင်လာမှာပါ။ အေရဲ့ ထုံးစံအတိုင်းပေါ့။
Mahuyar@Della
YOU ARE READING
နှလုံးသားတံခါးကို သက်တန့်ရောင်လေးခြယ်ပါရစေ (Completed)