27

79 3 0
                                    

               ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၂၇)     ဖိုက်တာလို ချွေးမ
.

" ရှင် ထပ်လာပြန်ပြီလား ကျွန်မတို့အိမ်ကို "

" ငါက နင်တို့ရဲ့စုတ်ချာနေတဲ့ အိမ်ကိုလာချင်လို့လာတယ်များထင်နေလား... မလာရင်မဖြစ်လို့ လာရတာ ဟေ့... "

" ပြောစမ်းပါအုံး ကျွန်မတို့အိမ်ကို ထပ်လာရတဲ့ အကြောင်းအရင်း... "

" ပြောမယ် ဟေ့... ပြောမယ်။အိမ်ပေါက်ဝကနေ
မတ်တပ်ရပ်ပြီး ပြောနေတာကလည်း ငါးစျေးတန်းက ငါးစိမ်းသည်လိုပါလား ကပ်ကပ်ကိုလန်နေရောပဲ အေ... "

" ကျွန်မ က ငါးစိမ်းသည်ဆိုရင် ရှင်ကလည်း ရန်မရှိရန်ပတ်ရှာနေတဲ့ အော်ကြောလန်မပဲလေ "

" ဘာအေ... ငါ့ကို အော်ကြောလန်မတဲ့လား။အဟင်း လူကို နင်တို့လိုအတန်းစားများထင်နေလား။ငါ့က်ို အော်ကြောလန်မလို့ပြောရအောင် "

" ရှင် အခု ကျွန်မအိမ်ပေါက်ဝအထိ လာရပ်ပြီး
ရန်တွေ့နေတာက အော်ကြောလန်တာမဟုတ်ရင်
ဘာလဲ... ယဥ်ကျေးလိမ္မာသိမ်မွေ့နေတာလား "

" အမလေးတော်... ဘယ်လိုတောင် အဆင့်မရှိလိုက်တာလဲလို့ တော်ပြီ တော်ပြီ၊နင်နဲ့စကားပြိုင်ပြောနေရင် ဒီနေ့ ငါပြောလို့ပြီးရမှာ မဟုတ်တော့ဘူး။ငါကိုယ်တိုင်လည်း နင်နဲ့ပြိုင်ဖက်ပြီးပြောနေရင် ငါ့
အဆင့်အတန်းပါကျတော့မယ် "

" ကျွန်မကလည်း ရှင်နဲ့ပြိုင်ဖက်ပြီး ပြောချင်တဲ့
စိတ်မရှိလို့ ကျွန်မအိမ်ကိုလာရတဲ့အကြောင်း မြန်မြန် ပြောပြီး၊မြန်မြန်လေး ပြန်စေချင်တယ်။ကျွန်မတို့က ရှင့်အတွက် အဆင့်အတန်းမရှိသလိုပဲ၊ရှင်ကလည်း ကျွန်မတို့အိမ်အတွက် ကျက်သရေကိုမရှိလို့ပဲ "

" ဘာ ဘာ... ကျက်သရေမရှိဘူး... နင် နင်က ငါ့ကို
ကျက်သရေမရှိဘူးလို့ ပြောလိုက်တာ ဟုတ်လား "

" ရှင်ကြားတဲ့အတိုင်းပဲ အဲ့ဒါကြောင့် နောက်ထပ်ကြမ်းတမ်းစကားမျိုးတွေ ထပ်မကြားရင် လာရင်းအကြောင်းကိုပြောပြီးတော့သာ ပြန်လိုက်တော့... "

အမလေး... ဘယ်လိုတောင် ရိုင်းစိုင်းလိုက်တဲ့ မိန်းမလဲ။အေးလေ အမေကဒီလောက်ကြမ်းတမ်းနေမှတော့ သူ့သမီးကလည်း အကြောမာတာပေါ့။

ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမWhere stories live. Discover now