29

80 3 0
                                    

         ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၂၉)     ဖိုက်တာလို ချွေးမ
.

" အမေအဆင်ပြေတာမို့လို့ မောင်မော်ကွန်းတိုက်နဲ့
လိုက်သွားလိုက်ပါ။သမိီး ဒီမှာ အမေ့ကိုစောင့်အိပ်ရင် အမေလည်း အိပ်နိုင်မှာဘူး။အဲ့ဒါကြောင့် သမီးလိုက်သွားလိုက်ပါ "

" အမေတကယ်အဆင်ပြေတာ ဟုတ်လို့လား။ရွှေညို ဒီမှာအိပ်လည်း အဆင်ပြေပါတယ် "

" သမီးပြေပေမဲ့ အမေမပြေဘူးလေ သမီး "

တကယ်လည်း သမီးကိုကိုယ်နဲ့အတူ ရဲစခန်းမှာ မအိပ်စေချင်တာပါ။မငိုမိအောင်ထိန်းထားရလို့ နှာဖျားလေးတွေနီရဲနေတဲ့ သမီးကိုနှစ်သိမ့်အပြုံးလေးနဲ့ကြည့်ကာ...

" မောင်မော်ကွန်းတိုက်လည်း ပြန်ချင်နေလောက်ပြီ၊
အပြင်မှာမှောင်နေပြီ သွားကြတော့။အမေလည်း နည်းနည်းအိပ်ချင်လာပြီ "

ဒေါ်ညိုညို,မသွားချင်ဖြစ်နေတဲ့ မြန်မြန်သွားအောင်လို့ ပြောလိုက်တော့မှ...

" အာ့ဆို ရွှေညိုတို့သွားမယ်နော်။မနက်ကျရင်တော့
စောစောလာခဲ့မယ်သိလား အမေ "

" သမီးသဘောပါ "

" ဒါဆို ကျွန်တော်တို့ သွားလိုက်ပါဦးမယ်။မနက်ကျရင်တော့ အဒေါ်ဒီကနေသေချာပေါက်ထွက်ရအောင် ကျွန်တော် လုပ်ပေးပါ့မယ်။ဒီနေ့က ဘယ်လိုမှ အချိန်မမှီတော့လို့ပါ။ပြီးတော့ မာမီ့ကိုယ်စား တောင်းပန်ပါတယ် အဒေါ် "

" ရပါတယ်ကွယ်... အဒေါ်လည်းဒေါသကို ရှေ့တန်းတင်ခဲ့မိတယ်။မောင်မော်ကွန်းတိုက်ကိုလည်း အဒေါ်ကတောင်းပန်ပါတယ်။ဘယ်လောက်ပဲ ဒေါသထွက်ထွက် လက်တော့မပါခဲ့သင့်ဘူးလေ။အခုလို မောင်မော်ကွန်းတိုက်နဲ့ မျက်နှာချင်းဆိုင်နေရတာလဲ အဒေါ်မျက်နှာပူလှပါတယ်ကွယ် "

" ကျွန်တော့်ကို မျက်နှာမပူပါနဲ့ အဒေါ်။ကျွန်တော့်မာမီကိုကလွန်နေတာပါ "

" သွားကြတော့လေ... "

" ဟုတ်ကဲ့ အဒေါ်  "

" သွားပြီနော် အမေ "

" အင်း... သွားကြတော့ "

" ကိုယ်တို့ သွားကြမယ် "

ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမWhere stories live. Discover now