Part 21

92 3 0
                                    

         ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၂၁)     ဖိုက်တာလို ချွေးမ
.

" အမေ အပြင်သွားမလို့လား "

ရွေညို အလုပ်သွားဖို့ ပြင်ဆင်ပြီး အိမ်ရှေ့ကို ထွက်လာတော့... အမေက အဝတ်စားသစ်နဲ့ သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံအချို့ကို ရေတွက်နေတာကို တွေ့ရသည်။

" ဟုတ်တယ် "

" ဘယ်သွားမလို့လဲ "

" အမေသွားစရာလေးရှိလို့ပါ။ သမီး အလုပ်သွားတော့မှာမလား။သွားတော့လေ "

" ဟုတ် ရွှေညို သွားပြီ "

" အင်း "

ဒေါ်ညိုညို,သမီးအိမ်ကနေ သွားတော့မှ အိမ်ကို တံခါးသေချာပိတ်ပြီးမှ သွားစရာရှိတဲ့ နေရာကို ထွက်လာခဲ့လိုက်သည်။

......

" သား ဒီမှာ ခဏလာထိုင်အုံး "

" ဟင်း... "

တိုက်, မာမီနဲ့မျက်နှာချင်း မဆိုင်ချင်တာကြောင့်
အိမ်ကနေ ခပ်ခပ်စောစော ထွက်လာဖို့ လုပ်သော်လည်း... မနက်စောစော ထပြီး၊ခြံထဲမှာ လေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့ ဒယ်ဒီက လေ့ကျင့်ခန်းလုပ်နေတဲ့အနားရှိ မြက်ခင်းစိမ်းပေါ်က ခုံတွေဆီ ခဏထိုင်ဖို့ ခေါ်နေတာကြောင့် စိတ်ပျက်၊လက်ပျက်နဲ့ သက်ပြင်းချလိုက်မိသည်။

တိုက်, ထိုင်ခုံနေရာကိုရောက်တော့...
အရင်ထိုင်နေပြီဖြစ်တဲ့ ဒယ်ဒီ့အနားမှာ ထိုင်ရင်း...

" ကျွန်တော့်ကို ဘာပြောလို့လဲ ဒယ်ဒီ "

" ဒယ်ဒီ သိချင်တယ် သား ဟိုကောင်မလေးအပေါ်မှာ စိတ်ဝင်စားမှုရှိနေတာလား "

" ကျွန်တော်ကိုယ်တိုင်တောင် ကျွန်တော့်စိတ်ကို သေချာမသိသေးပါဘူး။အခုထိ စမ်းစစ်နေတဲ့ အနေထားပါ "

" အဲ့ဒါဆိုရင် သဘောကျတဲ့ အဆင့်အထိ မရောက်လာရင် ကောင်းလိမ့်မယ် "

" ဘာဖြစ်လို့လဲ ဒယ်ဒီ "

" သားမာမီ က လုံးဝသဘောတူမှာ မဟုတ်ဘူး။ ဒယ်ဒီကိုယ်တိုင်လည်း သားနဲ့အဲ့ကောင်မလေးက
နည်းနည်းမလိုက်ဖက်ဘူးလို့ ထင်မိတယ် "

ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမWhere stories live. Discover now