25

96 3 0
                                    

            ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၂၅)     ဖိုက်တာလို ချွေးမ
.

" ရွှေမိုးညိုညို... နင် နင်က ငါ့အိမ်ထဲကို ဘာလို့ဝင်လာတာလဲ "

" ကျွန်တော် ခေါ်လာတာပါ မာမီ "

" မော်ကွန်းတိုက်..! "

တိုက်,စကားအဆုံး မာမီ့အသံက ဧည့်ခန်းအတွင်း
ဟိန်းထွက်လာသည်။

ဒေါ်လှိုင်သစ္စာ သားဖြစ်သူ၏ စကားကြောင့် ဒေါသကထောင်းခနဲဖြစ်သွားရ၏။

" ချာတိတ် လာ... "

တိုက်, သူ့အနောက်က ချာတိတ်ရဲ့ လက်ကလေးဆုပ်ကိုင်ပြီး မာမီတို့အနားက ထိုင်ခုံတွေဆီကို ခေါ်သွားလိုက်သည်။

မအေတစ်ယောက်လုံး ဒေါသထွက်နေတာကို လုံးဝအရေးမစိုက်ဘဲ ဟိုကောင်မလေးကိုလက်ကိုဆုပ်ကိုင်ပြီး... အိမ်ထဲအထိဆွဲခေါ်လာတဲ့ သားကို ထုထောင်းကာ ရိုက်ပုတ်ပစ်ချင်မိတဲ့ စိတ်ကတဖွားဖွား ဖြစ်လာ၏။

" ဒယ်ဒီ မာမီ သူ့နာမည်က ရွှေမိုးညိုညို လို့ ခေါ်ပါတယ်။ ကျွန်တော် လက်ထပ်မယ့် မိန်းကလေး ပါ "

" မင်း ဘာအချိုး ချိုးနေတာလဲ မော်ကွန်းတိုက်! "

ဒေါ်လှိုင်သစ္စာ ဒေါသကြောင့် ပြောတဲ့ စကားသံပင်
တုန်ယင်နေ၏။

ဦးမေတ္တာကတော့ သားနဲ့ဇနီးသည်ကိုကြည့်ပြီး...
ကြားဝင်ဖို့ပင် အခက်တွေ့နေရသည်။

" ကျွန်တော် နှစ်သက်တဲ့ မြတ်နိုးရတဲ့ မိန်းကလေးကို မာမီတို့နဲ့မိတ်ဆက်ပေးချင်ရုံပါပဲ။ကျွန်တော့်မှာ ဘာသဘောမှ မရှိပါဘူး "

" မင်း မာမီတို့ကို မိတ်ဆက်ပေးဖို့ ခေါ်လာတဲ့ မိန်းကလေးက မာမီတို့လက်မခံနိုင်တဲ့ မိန်းကလေးဆိုတာ မင်းသိတယ်မလား... မော်ကွန်းတိုက်! "

" ချာတိတ် က မာမီတို့ သဘောမကျတဲ့ မိန်းကလေး
ဖြစ်သလိုပဲ... မာမီတို့ ကျွန်တော်နဲ့ သဘောတူနေတဲ့
မိန်းကလေးကလည်း ကျွန်တော် သဘောမကျတဲ့
မိန်းကလေးဆိုတာ မာမီတို့လည်း သိမယ်ထင်ပါတယ် "

" မင်း အခု မာမီတို့ကို အရွက်တိုက်နေတာလား... "

" ကျွန်တော် မာမီတို့ကို အရွက်မတိုက်ပါဘူး။ကျွန်တော် သဘောကျတဲ့ မိန်းကလေးကို တရားဝင်တွဲတော့မှာမို့လို့... မာမီတို့နဲ့ တရားဝင်မိတ်ဆက်ပေးချင်ရုံလေးပါပဲ "

ခြွေညို့နိုင်လွန်းသူ (or) ဖိုက်တာလို ချွေးမWhere stories live. Discover now