Uni
နေမင်းကြီး ပျောက်ကွယ်သွားလို့ အေးချမ်းသော လမင်းရောင်အစားထိုးဝင်လာချိန်ဝယ် အမှောင်ချိန်ကြမှ ထူးခြားသက်ဝင်သော နေရာတခုတွင် လူငယ်လူရွယ် ကျားမအစုံ တွေ့ဆုံရာနေရာ bar
တခု။ထို bar ရဲ့အောက်ထပ်တွက် ဆူညံသော သီချင်းသံညံလျက် လူသူအပေါင်းကခုန်လို့ တနေတာရဲ့ ငြီးငွေ့စရာတွေအား ချေဖျက်နေကြလေသည်။
အပေါ်ထပ်အခန်းတခုတွင်တော့ ခုံပေါ်ခြေချိတ်ထိုင်
လို့ လက်ထဲမှ စီးကရက်အားရှိုက်လိုက်သူတယောက်။မှောင်ရီရီ မီးအလင်းအောက်မှ ထိုလူဟာ သူရှေ့မှန်မျက်နှာပြင်မှတဆင့် အောက်ထပ်မှ ဆူညံ့သောတေးဂီတနဲ့ အရောင်စုံစလိုက်မီးတွေအား တချက်မျှ
ဝေ့ဝဲကြည့်လိုက်လေသည်။ထိုနောက် စိတ်ဝင်စားပုံတချက်မပြပဲ ခုံပေါ်အသာမှီလို့ သု့အနက်ရောင် suitအား အနည်းငယ်ပြင်။ဆင်လိုက်လေသည်။ ထိုလူရှိရာဘေးသို့ လူတယောက်
အနားကပ်လို့ စကားသံတိုးတိုးဆိုလေသည်။ထိုလူရဲ့ပြောကြားချက်အပြီး လက်ထဲမှ စီးကရက်ကို
လက်စသတ်လိုက်လေသည်။ ထိုလူထံမှ အပြုံးတပွင့်ပေါ်လာခဲ့လေသည်။ ပြီးနောက် ......'မေးမရ သတ်လိုက်ပေါ့ '
ပေါ့ပါးစွာထွက်လာတဲ့ စကားအသံက လူအသတ်အား ကြက်ဌက်လောက် တန်ဖိုးမရှိသလို ယူဆလျက်။ ဘေးကလူမှ သူ့အား ခါးညွှတ်လို့ ပြန်ထွက်သွားခဲ့လေသည်။ လက်မှနာရီအားတချက်ကြည့်လို့ မျက်ဝန်းတစုံက စူးနစ်လျက်။ စီးကရက်ဘေးမှ
အရက်ပြင်းတခွက်အား တငုံသောက်လို့ လက်အတွင်း လှည့်လည်ဆော့ကစားနေလေသည်။'Tod '
ထွက်ပေါ်လာတဲ့ အေးစက်စက်အသံပြီးနောက် ဘေးနားလာရပ်တဲ့သူတယောက်။
'ခေါင်းဆောင် '
'အဆင့်သင့်ပဲလား '
'ဟုတ်ကဲ့ အားလုံအသင့်ပါ ခေါင်းဆောင် ထွက်ခွာတော့မလား '
'ကောင်းပြီ '
ပြီးတာနဲ့ အရက်ခွက်အားဘေးချလို့ လက်နှစ်ဖက်အား ဘောင်းဘီဘေးအိတ်ထဲထည့်လို့ သက်ဆိုင်ရာ
နေရာသို့ထွက်လာခဲ့လေသည်။ သူကတော့ Daggerအဖွဲ့ရဲ့ ခေါင်းဆောင် Daou ဖြစ်လေတယ်။သူတို့အဖွဲ့က လက်နက်ရောင်းဝယ် ပိုင်းကို ပိုအလုပ်ဖြစ်တဲ့သူတွေဖြစ်လေတယ်။

YOU ARE READING
Behind (Bl )
FanfictionHello Everyone 🤠🤠🤠 ခုတလောFanfic တပုဒ်အရမ်းရေးချင်စိတ်တွေဖြစ်နေလို့ပေါ့နော်။ ခုတလော အဖိုးတို့အတွဲကို အရမ်းတွေ ဖောအင်လပ်နေတော့ P'Daou နဲ့ P'offroad တို့အတွက် fanfic လေးရေးချင်လာလို့ပါ။ အဖိုးကိုမာဖီးယားပုံစံလေးသွင်းကြည့်မယ်ပေါ့နော်။ အဖိုးမျက်နှာက...