46

192 16 8
                                    

Daou သူ့ရှေ့မြင်ကွင်းမှာ သူအမေရဲ့ပုံရိပ်တွေအပြည့်ဖြင့် အသက်မဲ့သူတယောက်ပမာ
ထိုနေရာတွင်သာ မလှုပ်မရပ်နေ မိနေလေသည်။ တဖတ်မှ လူသတ်သမားကတော့ ဓားအား မြဲမြံစွာ ကိုင်ဆွဲထားလျက် Daou အရှေ့သို့ တဖြေးဖြေး ချဉ်းကပ်လာလေသည်။

"မင်းလို ကလေးမျိုးဆို တော်တော် ဈေးကောင်းမှာပဲ ! သတ်ရမှာတော့ နှမြောစရာပဲ ! ဘာပဲဖြစ်ဖြစ် အမိန့်က အမိန့်ပဲလေ ငါလဲမလွန်ဆန်နိုင်ဘူး မင်းအပြစ်တင်ချင်ရင်
အဲ့လူနဲ့ ဆုံစေခဲ့တဲ့ မင်းတို့ရဲ့ကံတရားကိုပဲ အပြစ်တင်လိုက် !! "

ထိုလူကအပြောဆုံးတာနဲ့ သူ့လက်ထဲမှ ‌ဓားသည် မြောက်တတ်သွားပြီ Daou ဆီသို့ ပြေးဝင်လာခဲ့လေသည်။ သို့‌သော် ဓားသည် Daou အနားမရောက်ခင်ဝယ် ထိုလူသည် လဲကျသွားခဲ့ပြီး Daou မျက်နှာထက် ထိုလူရဲ့
သွေးပူပူများ လာစင်ကုန်တော့သည်။

သွေးပူပူတို့ရဲ့ အထိအတွေ့ကြောင့် Daou တယောက် အသိအနည်းငယ် ဝင်လာပြီး သူ့အနောက်ဘက်အား လှည့်ကြည့်လိုက်လေသည်။ သူ့အနောက်ဘက်ရှိ အပင်များကြားထဲမှ အသံတိတ်ပြောင်းတပ်ဆင်ထားသော သေနတ်တလက် နဲ့အတူ လူတစ်ဦးထွက်ပေါ်လာခဲ့လေသည်။

ထိုလူသည် Daou အနား တဖြေးဖြေးကပ်လာပြီး ထိုင်နေပါသော Daou အား ကျော်လို့
သူ့ရှေ့ရှိ အသက်ထွက်သွားပါသော လူအား တချက်ကန်လိုက်လေသည်။ တဖတ်က လှုပ်ရှားမှုမပြတော့မှ ထိုလူရဲ့ ကိုယ်အားရှာဖွေလေတော့သည်။

"ခင်များ ဘယ်သူလဲ ? "

"ငါလား .... မင်းကို ကယ်လိုက်တဲ့သူလေ အားနာစရာမလိုပါဘူး !"

"ကျေးဇူးတင်ပါတယ် "

Daou ထိုလူအား ကျေးဇူးတင်ပြီးသည်နှင့် သေဆုံးသွားနှင့်ပြီးပါသော မိခင်အနားသို့ ပြေးသွားလိုက်လေသည်။ ဖွင့်လျက်သား ရှိနေပါသော မျက်ဝန်းတို့အား မှိတ်စေလျက် သူမအား ငြိမ်းချမ်းစေလိုက်လေသည်။

"မင်းဒီတိုင်းထိုင်နေတော့မှာလား ! "

မိခင်ဖြစ်သူဘေးနား ထိုင်နေပါသော Daou အား ထိုလူမှ လှမ်းမေးလာလေသည်။ Daou ပြောစကားမဲ့စွာ ထိုလူကိုသာ ကြည့်နေမိလေသည်။

Behind (Bl )Where stories live. Discover now