Uni
မိုးရေတို့ကြောင့် ချမ်းအေးမှုလား သို့မဟုတ် အခြားသော တစုံတခုကြောင့်လား မသိစွာ Offroad တကိုယ်လုံး အနည်းငယ်တုန်ရီနေခဲ့လေသည်။ သို့သော် တဖတ်မှ လူများ မရိပ်မိစေရန်အလိုဌာ
သူအတတ်နိုင်ဆုံးဖုန်းကွယ်ထားလေသည်။"မင်းတို့လက်နက်ကို ခုချက်ချင်းချစမ်း !!!! "
မိုးရေတို့ကြားမှ ထပ်မံထွက်ပေါ်လာတဲ့ ပိုအေးစက်တဲ့ အသံအဆုံး နောက်မှာ လက်အောက်ငယ်သားတစုသည် လက်နက်အားချထားလိုက်လေသည်။ ကြားထဲမှ အလိုက်သိသူ Tobမှ ထိုလူတစုအား ဝေးရာသို့ခေါ်ထုတ်သွားတော့သည်။ ခုချိန်တွင်တော့ Offroad အရှေ့တွင် Daou တယောက်သာ ကျန်ရှိနေတော့သည်။
Offroad ခုနက မြှောက်ထားသော လက်တွေအားကျလိုက်ပြီး သူ့ခေါင်းအားလဲ တပါးတည်း ငိုက်စိုက်ထားလိုက်လေသည်။ သို့သော် သူ့ရဲ့ ခြေလှမ်းတွေသည် ထိုနေရာမှ တလှမ်းမှ မရွေ့သွားခဲ့ပေ။ ထိုနေရာတွင် ကျောက်ရုပ်တခုလိုသာ မတ်တပ်ရပ်နေခဲ့လေသည်။ မိုး ရေတွေရွှဲရွှဲစိုနေပြီး အောက်သို့ငိုက်နေရှာတဲ့ ပုခုံးနှစ်ဖတ် ကြောင့် လားတော့မသိ ခုချိန်ဝယ် လမ်း ပျောက်နေတဲ့ ကြောင်လေးတ ကောင်သဖွယ်လို့ Offroad အား ထင်မြင်ရလေသည်။
တဖက်မှ Daouကေတာ့ မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ သူ့ရှေ့မှ ကြောင်ငယ်လေး တဖြစ်လဲ Offroad အရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် အပြေးသွားလေတော့သည်။
ပြီးနောက် သူ့ကုတ်အကျီအားချွတ်လို့ Offroad အား ဝတ်ပေးရန် ပြင်လိုက်လေသည်။ သို့သော်
သူ့ရှေ့မှ တုန်ရင်နေတဲ့ ကိုယ်လုံးေလးသည် အနောက်သို့ ဆုတ်သွားခဲ့လေသည်။တခါမှ သူရှေ့တွင် နောက်မဆုတ်ဖူးသော Offroad သည် ယခုချိန်တွင်တော့ သူ့ဘာသာ နောက်ဆုတ်
သွားခဲ့လေပြီ။ Daouရဲ့ လက်တို့သည် လေထဲတွင်
သာ တုန့်ဆိုင်းအေးခဲ့သွားခဲ့လေ သလို သူ့နှလုံးသားတို့သည်လဲ တချိန်ထဲ နာကျင်ထိုးအောင့်သွားတော့သည်။ သို့သော်သူ့ရှေ့မှ ဆုတ်ခွာနေသူကတော့ မရပ်တန့်သွားခဲ့ပေ။"Road..... "
Daou ရဲ့ ခေါ်သံအား ကြား သော်လဲ တဖတ်မှ ခေါင်းမာသူလေးကတော့ သူ့ရဲ့ခြေလှမ်းတို့သည် အနောက်သို့ သာဆုတ်သွားခဲ့လေသည်။ မသိရင်
Daou နဲ့သူ့ အကြား အကွာ အဝေးတခု ရှိနေစေ
ချင်သလိုပင်။ အဆုံးမှာတော့ Daou လဲOffroad
အနားအမြန်သွားလိုက်ပြီး ထိုလူသားလေးအား တင်းကြပ်စွာဖတ်ထားလိုက်လေသည်။
![](https://img.wattpad.com/cover/375939723-288-k162176.jpg)
YOU ARE READING
Behind (Bl )
FanfictionHello Everyone 🤠🤠🤠 ခုတလောFanfic တပုဒ်အရမ်းရေးချင်စိတ်တွေဖြစ်နေလို့ပေါ့နော်။ ခုတလော အဖိုးတို့အတွဲကို အရမ်းတွေ ဖောအင်လပ်နေတော့ P'Daou နဲ့ P'offroad တို့အတွက် fanfic လေးရေးချင်လာလို့ပါ။ အဖိုးကိုမာဖီးယားပုံစံလေးသွင်းကြည့်မယ်ပေါ့နော်။ အဖိုးမျက်နှာက...