43

186 16 2
                                    

"P' Fine ဘယ်လိုလုပ်ဒီရောက်နေတာလဲ ကလေးပျောက်မှု စုံစမ်းနေတာမဟုတ်ဘူးလား "

"အွန်းလေ အစကတော့ ကလေးအမှု စုံစမ်းနေတာ မထင်မှတ်ပဲ သဲလွန်စတွေကနေတဆင့် ဒီနေရာရောက်လာပြီး အဖမ်းခံလိုက်ရတာပဲ "

"P 'Fine အဖမ်းခံရသေးတာလား ဘယ်လိုလွတ်လာတာလဲ "

"အွန်း.... ဟို အချိုးမပြေတဲ့တကောင်ကြောင့်ပေါ့ကွာ "

"ဟန်! "

"အဲ့လိုလေးတွေတော့ ရှိတာပေါ့ မင်းကကော ဘာလို့ဒီရောက်နေတာလဲ "

"ကျနော်ပြောရရင်တော့ အရှည်ကြီးပဲ "

"အဲ့တာဆို တိုတို တုပ်တုပ် ပြောကွာ "

"နောက်ယောင်ခံလိုက်ရင်း ဒီရောက်လာတာ "

"ဟေ! တယ်လဲ ကံထူးပါလား Offroad "

"အဲ့လိုပါပဲ ! ဟဲ ... ကျနော် P'Jeff တို့ကို ဆက်သွယ်ထားတယ် သူတို့မကြာခင်ရောက်မယ် ထင်တယ် "

"Jeffတို့က မရောက်သေးဘူးလား ! "

Offroad သူ့အား မေးလာသူFineအား ကြောင်တောင်တောင်ဖြင့်ကြည့်လိုက်လေတယ်။

"မရောက်သေးဘူးလေ P "

"အဲ့တာဆို ဒီနေရာက လူတွေအားလုံးကို ဘယ်သူချုပ်ထားတာလဲ မင်းတယောက်တည်းလို့တော့ လာမလိမ်နဲ့ လူတွေဒီလောက်များတာ မင်းတယောက်နဲ့ တင် မဟုတ်လောက်ဘူး ဘယ်သူပါသေးတာလဲ !"

"အယ်!! ကျနော့်အသိ‌ တွေပါလာလို့ပါ "

"အသိတွေ ! ဘယ်မှာလဲ !!"

Offroad အပြောအဆုံး Fine တောင်ကြည့်မြောက်ကြည့်လုပ်ပြီး လူအရိပ်အယောင်အား ရှာပါသော်လဲ ထိုနေရာတွင် ရှိနေသူများမှာ သူတို့နှစ်ဦးထဲသာ။

"အာ.... အဲ့တာက...."

"Offroad!!!!! "

Offroad တယောက် Fine ရဲ့အမေးအား ဖြေဖို့ အကြပ်ရိုက်နေတုန်း အနောက်က သူ့နာမည်ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိတော့ အဖွဲ့သားတွေနဲ့အတူ ရောက်ရှိလာပါသော Jeff အားတွေ့လိုက်ရလေသည်။

"P'Jeff တို့ ရောက်လာပြီ P 'Fine! "

"တွေ့ပါတယ်ကွာ ဟေ့ ! အဖိုးရီး Jeff ငါ့ကိုသတိရနေလား "

Behind (Bl )Where stories live. Discover now