အပိုင်း(၂၈)

1.6K 29 0
                                    

အပိုင်း ( ၂၈ )

မိုး.....
သြော်....မိုးရယ်....ဘယ်လို အငြိုးတွေနဲ့ ရက်ရက်စက်စက် ရွာသွန်းနေရတာလဲ။

မိုးနဲ့ အပြိုင် အပြူးရင်ထဲမှာ ခံစားချက်တွေ ပြင်းထန်နေသည်။
မျက်ရည်မိုးအဖြစ် အပြူးမျက်နှာပေါ်ကနေ မျက်ရည်ပေါက်များ လိမ့်ဆင်းလာကြလေပြီ။

မိုးရေထဲမှာ ရပ်နေတဲ့လူတယောက် ၊ အဲ့လူဆီသို့ တစိုက်မတ်မတ် လျှောက်သွားလိုက်သည်။

မထင်မှတ်ထားတဲ့လူတစ်ယောက်။

အပြူး ရွံကြောက်ကြီးဖြစ်နေမိတယ်။
သူ့ရုပ်ကို မြင်တာနဲ့ အော်ဂလီဆန် လာသည်။

" ခင်ဗျား ၊ ခင်ဗျား သိပ်အကြံ ပက်စက်တာပဲ...ကိုယ့်အသက်အရွယ်ကိုမှ အားမနာ ၊သားသမီးချင်း ကိုယ်ချင်းမစာမနာ။
ခင်ဗျား မို့ လုပ်ရက်တယ်။ "

" ဟားဟား ၊ ပြော ၊ မင်းကြိုက်သလောက်ပြော။ ဒီအချိန်မှာ မင်းက ငါ့လက်ခုပ်ထဲကရေပဲ ၊ ငါသွန်လိုသွန် မှောက်လိုမှောက် မင်းမှာ ငြင်းဆန်ပိုင်ခွင့်မရှိဘူး။ ငါ့တံထွေးခွက်ထဲမှာ မင်းပက်လက်မြောစေရမယ်..ဟားဟား
ဟားဟား ဟားဟား။ "
ရယ်သံတွေ ဟိန်းထွက်သွားသည်။

" လူယုတ်မာ ၊ ခင်ဗျားကြီးကို မုန်းတယ်။ "
အပြူး ပြောပြောဆိုဆိုနဲ့ ဦးမိုးကျော်ဆိုတဲ့ နန္ဒတို့ အဖေကို အားနဲ့ လွှဲရိုက်လိုက်သည်။သို့သော် အားမမျှပါ။
အပြူး လက်ကို လိမ်ချိုးကာ လှည့်ချလိုကိတော့ အပြူး ဦးမိုးကျော်ဆိုတဲ့လူရဲ့ ရှေ့မှာ
ဒူးထောက်ကလေး ဖြစ်သွားသည်။

" ဟားဟား ဟားဟား ဟားဟား
အခုတော့လည်း မင်းက သနားစရာ မျက်နှာပုံစံနဲ့ပါလား။ ဒါပေမဲ့ မင်းက ဂျိုကောင်။
ငါတို့မိသားစု ကြားထဲကို ဝင်လာတဲ့ ဂျိုကောင် ၊ မင်းမှာအပြစ်ရှိတယ် ၊ အေး အဲ့ဒီ မင်းရဲ့ ကြီးမားတဲ့ အပြစ်ကို မင်းပေးဆပ်ရလိမ့်မယ်။ "

" ဘာတွေလဲ ၊ ကျနော် နားမလည်တော့ဘူး။
ကျွန်တော် အေးဆေးနေတာပါ။ ဘယ်သူ့ကိုမှ ပြဿနာမရှာဘူး ၊ ကျွန်တော့်ကိုဘဲ ပြဿနာ လာရှာကြတာလေ။ "

" အေး ၊ မင်းဟာမင်း အေးဆေးနေနေ
လှုပ်ဘဲ နေနေ မင်း ဒီအိမ်မှာ နေနေတည်းက မင်းက ဂျိုကောင်ပဲ ၊ မင်းထွက်သွားရမယ်။ မင်းထွက်မသွားဘူးဆိုရင် မင်းနောင်တရစေရမယ်။ "

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now