အပိုင်း ( ၃၂ )

1.8K 27 1
                                    

အပိုင်း ( ၃၂ )

အပြူး ထမင်းစားချိန်လောက်သာ နားပြီး
အချိန်တော်တော်များများက ကျောက်ရှာနေသည်။
လိုအင်ဆန္ဒတွေ ပြည့်ဝဖို့ ရည်မှန်းချက်တွေ ပေါက်မြောက်ဖို့ဆိုလျှင် ကျောက်အောင်မှဖြစ်မည်။
ကျောက်အောင်မှသာလျှင် ချမ်းသာမည်။
ဒါ့ကြောင့် အပြူး ဝီရိယရှိစွာ ကျောက်ရှာလာခဲ့သည်မှာ နေတော်တော်မြင့်နေပြီ။
ဒါ့ကြောင့် အိမ်ပြန်ရန် လူတောထဲမှ ထွက်လာခဲ့သည်။
ရေမဆေး ကျောက်ရှာသူတွေလည်းချွေးဒီးဒီးကျနေကြပြီ ၊ မောပန်းနွမ်းနယ်နေကြပြီ။
လူအော်သံတွေ ကျောက်ချသံတွေ ကားသံတွေ ဆူညံနေသည်။

အပြူး ထမင်းစားဖို့ အိမ်အပြန်လမ်းတွင်
ဒေါင်ဇောင်းကို တွေ့သည်။
အစက အပြူးဒေါင်ဇောင်းကို မမြင်ပါ။
ဒေါင်ဇောင်းက အပြူးနောက်ကနေ စုတ်သတ်၍ " ပြွတ် ပြွတ် " ဆိုပြီး သူရဲ့ပန်းနုရောင်နုတ်ခမ်းလေးတွေကို ချွန်ကာ ခေါ်နေသည်။

အပြူး လှည့်ကြည့်လိုက်တော့ မျက်လုံးတစ်ဖက်ကို ကဗျာကယာ မှိတ်ပြလိုက်သည်။ဘယ်လိုတွေတောင် လုပ်ပြနေတာလဲ။
အပြူးရှက်သွေးဖြာပြီး ရင်တွေခုန် ဖင်တွေတုန်သွားသည်။
နောက်ပြီးမှ သတိပြန်ဝင်လာကာ ပြုံးပြ၍   လမ်းဆက်လျှောက်လာခဲ့ပါတော့သည်။

အပြူး အိမ်ကိုရောက်တော့ ဦးဖိုးရှိုင်း အိပ်နေသည်။
ဘယ်အချိန်က ပြန်ရောက်နေသည်မသိ ပင်ပန်းလို့ထင်တယ် ၊ အိပ်နေလိုက်တာ ခြေပစ်လက်ပစ်ပဲ။

အမြဲတမ်း ပုဆိုးကို တိုတိုဝတ်တတ်တဲ့ ဦးဖိုးရှိုင်း အခုအိပ်တော့ ပုဆိုးက ပေါင်လယ်လောက်အထိ လိပ်တက်နေသည်။
ခြေသလုံး ကြွက်သားတွေနဲ့ အမွှေးကောက်ကောက်ကြီးတွေက အပြူးစိတ်ကို မယိုးမရွ နိုးဆွနေသည်။

အဲ့အချိန်မှာ
“ ညီ ၊ ပြန်ရောက်နေပြီလား။ ”

“ ဟုတ် ၊ ကိုမိုးကို။ ”

“ လာ ၊ ညီ။ အကို ထမင်းခူးကျွေးမယ်။ ”

“ အာ ၊ ရပါတယ်။ ကိုမိုးကိုကလည်း ၊ ညီ ကိုယ့်ကိုယ်ကို ခူးစားပါ့မယ်။ ”

“ မဟုတ်ဘူး ၊ ညီ။ ဒီနေ့ ငါးချက်ထားတော့
အရိုးထွင်ပေးမယ် ၊ ဒါမှ ညီအေးဆေးစားနိုင်မှာ။ လာခဲ့ ၊ ညီ။ အကို ထမင်းပြင်ထားလိုက်မယ်။ ”

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now