အပိုင်း ( ၃၄ )

1.9K 23 1
                                    

အပိုင်း ( ၃၄ )

အပြူးကို ဒေါင်းဇောင်း အရမ်းချစ်နေပြီ။
ငယ်ငယ်လေးတည်းက ချစ်ခင်တွယ်တာတဲ့လူ နည်းပါးခဲ့တဲ့ ဒေါင်ဇောင်းက အပြူးကို တွယ်မိတွယ်ရာ ချစ်မိနေလေရဲ့။

အပြူးလည်း ဒေါင်ဇောင်း ဘဝလေးကိုသနားကာ အရာရာကို အလိုလိုက်ခဲ့သည် ၊ ဂရုစိုက်ခဲ့သည်။ အဲ့လိုနဲ့ အချိန်တွေကြာလာတော့
သနားချစ် ချစ်လာခဲ့သည်။

“ သား ၊ အဖေနဲ့ပြန်လိုက်ခဲ့ပါကွာ။ အဖေတို့နဲ့ အတူပြန်နေပါကွာနော်။ ”

“ ပြန်မလိုက်ဘူးဗျ ၊ အမေခေါင်းချခဲ့တဲ့ နေရာမှာပဲနေမယ်။ ဘယ်မှမသွားဘူး ၊ မလိုက်ဘူး ၊ ပြန်တော့ဗျ။ ”

“ သားရယ် ၊ အဖေ...အဖေတောင်းပန်ပါတယ်ကွာ။ ”
ဒေါင်ဇောင်းရဲ့ အဖေဟာ ဝမ်းနည်းသံကြီးနဲ့ သူ့သားကိုပြန်ခေါ်သော်လည်း ခေါ်၍မရပါ။

“ အဖေ စွန့်ပစ်ခဲ့တဲ့အရာကို အဖေ ပြန်လိုချင်နေတာလား။ အဖေ့အတွက် မလိုအပ်လို့ကျွန်တော်တို့ သားအမိကို စွန့်ပစ်ပြီးပြီပဲ။
ဘာတွေ ဒုက္ခခံနေတာလဲ။ အခု အမေလည်း မရှိတော့ဘူး။ အဖေပျော်နေတယ် မလား။
အဖေပဲပြောခဲ့တယ်လေ ၊ သားမမွေးချင်ဘူး
သမီးဘဲ မွေးမယ်ဆို ၊ အခု အဖေ့မှာ သမီးလိမ္မာလေး ရှိနေပြီလေ ၊ ကျွန်တော့်ကို မလိုအပ်တော့ပါဘူး ၊ သွားပါဗျ။ ”

“ သားရယ် အဲ့လို မဟုတ်ပါဘူး။
သားတစ်နေ့နေ့ကျ နားလည်လိမ့်မယ်။
နှစ်ယောက်တည်းက တစ်ယောက်ကိုရွေးချယ်ရတော့မယ်ဆိုရင် ရွေးချယ်ရမယ့်သူက ဘယ်လောက်ထိ ခံစားရလဲဆိုတာကိုပေါ့။ အဖေ့အတွက် သားလည်း လိုအပ်တယ်
သမီးလည်း  လိုအပ်ပါတယ်ကွာ။
ဒါပေမဲ့ ရေရှည်ကို ကြည့်ပြီး အဖေ သမီးကို ရွေးချယ်ခဲ့ရတာပါကွာ။
သားအတွက် စိတ်မကောင်းပါဘူး ၊ သားရယ်။
သား ညီမကို ပထွေးနဲ့ မနေစေချင်လို့ပါ။ ”

“ ဘာ ၊ သားအတွက် စိတ်မကောင်းပါဘူးဟုတ်လား ၊ ဟားဟား။
ကျွန်တော့် ဘဝဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ပြီးမှ
အမေ သေခဲ့ပြီးမှ စိတ်မကောင်းပါဘူး ဆိုတဲ့ စကားတစ်ခွန်းနဲ့ လာမနှစ်သိမ့်ပါနဲ့။
ပြီးတော့ အမေ နောက်အိမ်ထောင်မပြုခဲ့ဘူး။
အဖေ့အပေါ် သေတဲ့အထိ သစ္စာရှိသွားတယ်ဆိုတာ အဖေသိရဲ့လား။ အဖေသာ...အဖေသာ သွားပါတော့ဗျ။ အေးချမ်းနေတဲ့ ကျွန်တော့်ရဲ့ ဘဝရေအိုင်ငယ်လေးကို ခဲနဲ့မပေါက်ပါနဲ့ ၊ အဖေရာ။ ဒီတစ်ခါ လှုပ်ခတ်သွားရင်ကျွန်တော် ခံနိုင်ရည် ရှိမှာမဟုတ်တော့ဘူး ၊ တောင်းပန်ပါတယ်။ ”

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now