အပိုင်း(၁၅)

3.1K 35 2
                                    

အပိုင်း ( ၁၅ )

အပြူးသတိရလာသည်။
မျက်လုံးလေးများကိုဝှေ့ဝိုက်ပြီးကြည့်နေသည်။
သူ့အသိတစ်ယောက်မှမရှိပါ ၊ သူနာပြု ဆရာမများသာ ရပ်နေကြသည်။
အပြူးသိလိုက်ပါသည် ၊ သူဆေးရုံရောက်နေသည်ဆိုတာကို။
အဖြစ်များကို သတိရကာ မျက်ရည်ဝိုင်းရပြန်သည်။

~~~~

“ ဒေါက်တာ ဒေါက်တာ ဒေါက်တာ ”

သူနာပြုဆရာမတစ်ဦး ဆရာမကြီးအခန်းသို့ပြေးလာသည်။

“ ကောင်လေး သတိရလာပြီ ၊ ဒေါက်တာ။ ”

ဒေါက်တာ ခင်မမ အပြုံးတွေဝေသွားသည်။

ဆေးရုံရောက်ပြီးတည်းက ဘယ်ကမှန်းမသိဘယ်သူမှန်းမသိ နာမည်လည်း မသိတော့ကောင်လေးလို့ ခေါ်ကြသည်။
မိဘဆွေမျိုးများအား စုံစမ်းသော်လည်းအစအနပင်မတွေ့ရပါ။
ဒါကြောင့် အပြစ်ကင်းစင်သော ကောင်လေးကို သားတစ်ယောက်ပမာ ချစ်ခင်နေသူမှာ
အထူးကုဆရာဝန်မကြီး ဒေါက်တာ ခင်မမ ပင်ဖြစ်သည်။

ဒေါက်တာ ခင်မမ အပြေးကလေး ကောင်လေးအခန်းသို့ ၀င်သွားသည်။

“ သား သား ၊ သတိရလာပြီလား။
နားနားနေနေ နေနော် ၊ ဘာကိုမှမစဉ်းစားနဲ့။ ”

အပြူး မျက်ရည်ဝိုင်းကာ ဒေါက်တာ ခင်မမကို ဖက်၍ ငိုချလိုက်ပါတော့တယ်။ ဝမ်းနည်းမှု နာကျင်မှု တွေကို ပေါက်ကွဲပစ်လိုက်တော့သည်။ ဒေါ်ခင်မမမှာ အပြူးရဲ့
ကျောလေးကိုသပ်ပြီး နှစ်သိမ့်နေသည်။

“ သား...စိတ်အေးအေးထားပါ။ သား မိဘတွေရှိသေးလား ၊ သားနာမည်ကရော ဘယ်လိုခေါ်လဲ။ ”

“ သားမိဘတွေ မရှိတော့ပါဘူး ၊ ဒေါက်တာ ။
သားနာမည်က အပြူးပါ။ သား ဘယ်ကိုသွားလို့ ဘယ်လာရမှန်းမသိပါဘူး။ ”

“ သြော်...သားရယ်..ဖြစ်မှ ဖြစ်ရလေ...
သားဘယ်မှသွားစရာမရှိဘူးဆိုရင် အန်တီအိမ်ကို လိုက်ခဲ့ပါ။
အန်တီ့အိမ်က အကျယ်ကြီးပါ ၊ ပြီးတော့ သားကျောင်းပြန်တက်ရမယ်။
သားအရွယ်ကကျောင်းတက်နေရမယ့် အရွယ်ပါ။
သား ဘယ်ကိုမှ မသွားပါနဲ့။
သား အသက်အရွယ်နဲ့ ခံစားရတဲ့ ဝေဒနာတွေက များလိုက်တာ ၊ သားရယ်။
အန်တီကို အန်တီလို့ခေါ်ချင်ခေါ် ၊ အန်တီမေလို့ခေါ်ချင်ခေါ်နော် ၊ သား။
နောက်ဆုံး မေမေလို့ခေါ်လည်းရပါတယ် ၊ သားရယ် ၊ သားတစ်ယောက် ထပ်တိုးလာပေါ့သားရယ်။ ”

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now