အပိုင်း ( ၂၀ ၊ ၂၁ )
" ညီ....နန္ဒ မပါတုန်း အကို ညီ့ကိုပြောစရာလေးတွေပြောချင်တယ်။
အကို ပြောမယ့်စကားကြောင့် ညီ အကို့ကို စိတ်ဆိုးချင်ဆိုးလိမ့်မယ်။
စိတ်နာရင်စိတ်နာလိမ့်မယ်။
နောက်ဆုံး အထင်သေးချင်သေးလိမ့်မယ်။ အကို ဘာကိုမှ ဂရုမစိုက်တော့ဘူး။
အဲ့လိုမှ ညီ့ကို ရင်မဖွင့်ရရင် အကို ရင်တွေ ပေါက်ကွဲထွက်တော့မယ် ၊ ညီ။
ကျေးဇူးပြုပြီးတော့ ညီ့ကို နားထောင်စေချင်တယ်။ "" ပြောပါ အကို ၊ ညီနားထောင်နေပါတယ်။
အကို ဘာစကားတွေပြောမလဲတော့ ညီမသိဘူး ၊ ဒါပေမဲ့ ပြောစရာရှိတာ ပြောပါ။ "" အကို ဒီအသက်အရွယ်အထိ အချစ်ဆိုတာ
ဘာမှန်းသေချာ သဲသဲကွဲကွဲ အကိုမသိခဲ့ဘူး။
ကျောင်းတုန်းကလည်း စာကြိုးစားနေလို့ အချစ်ကိုမသိခဲ့ဘူး။
အကို အရင်က ထင်မြင်ခဲ့တာက အချစ်ဆိုတာ အနေနီးမှု ရင်းနှီးမှု ပြုစုယုယ ကြင်နာမှု တွေလို့ထင်ခဲ့တယ်။
အဲ့ဒီအချက်တွေကို အချစ်လို့ သတ်မှတ်ခဲ့တယ်။
ဒါပေမဲ့ အဲ့ဒါ အချစ်မဟုတ်ဘဲ ရင်နှီးခင်မင်မှုတွေအပေါ် အကို သာယာခဲ့တာ။
ရင်မခုန်ခဲ့ဖူးဘူး။အကို အခု ညီနဲ့တွေ့မှ ရင်ခုန်ခဲ့ဖူးတာပါ။
ညီနဲ့တွေ့မှ အချစ်က ဘာဆိုတာ အကိုသိခဲ့တယ်။ "" ဗျာ ၊ အကို က ညီ့ကို ချစ်တယ်။ "
အပြူးဝမ်းသာရမလိုလို ဝမ်းနည်းရမလိုလိုသူ့ရဲ့အတွေးတွေက မဖြစ်နိုင်ဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိနေသည်။
" အကို အကြိမ်ကြိမ် ပြန်ပြီးတော့ စဉ်းစားကြည့်ပါတယ်။
ပိုပိုပြီး စဉ်းစားလေ ညီ့ကိုချစ်လေပဲ။
နောင်တစ်ချိန်မှာ ပေါင်းစပ်ဖို့ 99ရာခိုင်နှုန်း လောက်ကို မသေချာတဲ့ အချစ်ကိုမှ အကို ရူးရူးမူးမူး ချစ်ခဲ့မိပြီ။
ဘာပဲဖြစ်ဖြစ် အကို ညီ့ကို တသက်မှာ တစ်ခါဘဲ ချစ်တဲ့အချစ်နဲ့ တစ်သက်လုံး ချစ်သွားမှာပါ။ "" အကိုရယ် ၊ လွတ်လပ်စွာ ချစ်ပိုင်ခွင့်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက လူတွေက လိင်တူအချစ်ကို ဘယ်လောက်ထိ ရွံရှာစက်ဆုပ်တယ်ဆိုတာ အကိုလည်းသိမှာပါ။
ညီ့အတွက်နဲ့ အကိုတို့ သားအမိနှစ်ယောက် မျက်နှာပျက်ရမယ့် အခြေအနေမျိုးတော့ ညီ မဖန်သီးသင့်ဘူးထင်တယ်။
အထူးကုဆရာဝန်မကြီး ဒေါက်တာ ခင်မမရဲ့သား ကုမ္ပဏီ ပိုင်ရှင် ဦးဝိုင်းသုတလျံက လိင်တူနှစ်သက်တဲ့Gayတစ်ယောက်လို့ ပတ်ဝန်းကျင်က ပြောဆိုကဲ့ရဲ့မှာကို
ညီ မလိုလားဘူး။
အချစ်ဆိုတာ official ချစ်ပြမှအချစ်မဟုတ်ပါဘူး ၊ silent ချစ်နေရတာလည်း အချစ်ပါပဲ။ ညီတို့လို လိင်တူချစ်သူတွေရဲ့ silentအချစ်ဘဝကို ညီ အရမ်းဝမ်းနည်းမိတယ်။ "
YOU ARE READING
ဘ၀အထိုထို (သို့) အပြူး
Teen FictionGay sex ၀တ္ထုရှည်ပါ။ မူရင်းရေးသားသူ အား Credit ပေးပါသည်။