အပိုင်း ( ၁၆ ၊ ၁၇ )

3.7K 33 0
                                    

အပိုင်း ( ၁၆ ၊ ၁၇ )

အပြူးသင်တန်းသွားဖို့ ကိုဝိုင်း ကားနဲ့လိုက်လာသည်။

ကိုဝိုင်းက သိပ်ပြီးရောရောနှောနှောမနေ ၊ ခပ်တည်တည်ဘဲ နေသည်။
ဒါ့ကြောင့် အပြူး ကိုဝိုင်းကို ကြောက်သည်။

အပြူးတက်မယ့် သင်တန်းနားရောက်တော့ကားရပ်ပေးသည်။

“ သင်တန်းပြီးရင် ဒရိုင်ဘာကို ခေါ်မနေနဲ့ ၊ ငါဝင်ခေါ်မယ်။ ”

တစ်လမ်းလုံး စကားတစ်ခွန်းမှမပြောဘဲဗြုန်းစားကြီး ပြောလိုက်တော့ အပြူး အံ့ဩ မှင်တက်မိသွားသည်။
နောက်မှ သတိပြန်ဝင်လာကာ “ ဟုတ်ကဲ့ ” ဆိုပြီး ခေါင်းလေးငုံ့ပြလိုက်သည်။

အပြူး ခေါင်းငုံ့လိုက်တော့ အပြူးရဲ့
ကိုရီးယားကေဆံပင်လေးတွေက ကိုယ့်နဖူးကိုယ် လာရိုက်သည်။
ခေါင့်အမော့မှာ နဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကိုခါရမ်းလိုက်သည်။

ဝိုင်းသုတက မင်တက်မိစွာ ကြည့်နေပြန်သည်။ ရင်ထဲမှာ ဒုတ်ကနဲ ဖြစ်သွားတာကို သူသိလိုက်သည် ၊ သူ့စိတ်ကို သူပြန်ထိန်းလိုက်ပါသည်။

တကယ်လည်း အပြူးက မိန်းမချော ချောလှပါသည်။ ဒါပေမဲ့ ဝိုင်းသုတမှာ ချစ်သူမိန်းကလေးရှိသည်။ အပြူးတို့ သင်တန်းက ဆရာမ ဒေါ်ကျော့ကေခိုင်ဖြစ်သည်။

အခုလည်း မတွေ့ရတာကြာပြီဖြစ်တဲ့ ချစ်သူမျက်နှာကို တွေ့ချင်၍ အပြူးကို သင်တန်းလိုက်ပို့ခြင်းဖြစ်သည်။
ဒါတောင် ချစ်သူမျက်နှာကို မတွေ့ရပါ။

ဝိုင်းသုတနဲ့ ကျော့ကေခိုင်တို့မှာ ငယ်သူငယ်ချင်းဘဝကနေ ချစ်သူဘဝသို့ ရောက်ခဲ့ကြတဲ့ သူငယ်ချင်းချစ်သူများ ဖြစ်ကြသည်။ အခု သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးအကြား အပြူး ရောက်လာလေပြီ။သုံးပွင့်ဆိုင် ဇာတ်လမ်းက ဘယ်လိုဖြစ်မည်ဆိုတာ ဘယ်သူသိမလဲ။

အလုပ်ကိစ္စအရေးကြီးတာနဲ့ ဝိုင်းသုတ
ကားမောင်းပြီး ထွက်သွားခဲ့သည်။

~~~~

ညနေသင်တန်း ဆင်းတော့ အပြူးစောင့်နေသည်။ နည်းနည်း နောက်ကျနေပြီ ၊ ကိုဝိုင်းက ရောက်မလာ။

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now