အပိုင်း ( ၁၈ ၊ ၁၉ )

3.1K 34 7
                                    

အပိုင်း ( ၁၈ ၊ ၁၉ )

" မောင် ၊ မောင့်အလုပ်ကိစ္စတွေ အဆင်ပြေရဲ့လား။ ကျော့တို့ အခုလို ဆိုင်မထိုင်ဖြစ်တာတောင်ကြာပြီ ၊ မောင်ကမအား ကျော့ကမအားနဲ့ မတွေ့ဖြစ်ကြဘူး။ "

" ကျော့ ၊ မောင်ပြောထားတာ စဉ်းစားပြီးပြီလား။ မောင် ကျော့နဲ့ အတူနေချင်ပြီကွာ။ "

" သြော် ၊ မောင်ရယ်။ ကျော့ ကြိုးစား ပါရစေအုံး။ ကျော့ဘက်မှာ ဘာမှပြည့်စုံတာမရှိသေးဘူး။ မောင့်အသိုင်းအဝိုင်းက ကျော့ကိုလက်ခံနိုင်အောင် ကျော့ ကြိုးစား ချင်သေးတယ်။ "

" အင်းပါ ၊ မောင့်အမေကိုတော့ ဖွင့်ပြောလိုက်ပြီ။ အမေကပြောတယ် သားရွေးချယ်ထားတာ မှန်မှာပါတဲ့။ ဝင်မစွတ်ဖက်ပါဘူးတဲ့။ မောင့်ဘက်ကတော့ အဆင်ပြေတယ်။
ကျော့ ပြင်ဆင် ချင်သေးတယ်ဆိုလည်း ရပါတယ်။ "

ဝိုင်းသုတတို့နှစ်ဦးကို စန္ဒီကျော် မြင်သွားသည်။
အကဲခတ်နေသည် ၊ မနာလိုဖြစ်ကာ
ကျော့ကေခိုင် ရဲ့ပါးကို သွားရိုက်ချင်စိတ်တွေဖြစ်လာသည်။ စိတ်ကို မနည်းထိန်းထားလိုက်ရသည်။

ကျော့ကေခိုင် သန့်စင်ခန်းသွားတော့ နောက်ကနေ မသိမသာ လိုက်သွားသည်။

" ကျော့ကေခိုင် ဆိုတာရှင်လား။ "

" ဟုတ်ပါတယ် ၊ ဒီက ဘယ်သူလဲမသိ။ "

" ကျွန်မက ရှင့်ချစ်သူရဲ့ညီမ ရှင်က ကျွန်မကိုမသိပေမဲ့ ကျွန်မကတော့ ရှင့်ကိုသိတယ်။
ရှင့်ကို ဥစ္စာပေါ ရုပ်ချောတဲ့ မိန်းကလေး လို့ထင်ထားတာ။
တကယ်တော့ ရှင်က ကပ်ပါးကောင်လေးပါလား။
သင်တန်းတစ်ခုလုံးရဲ့ပိုင်ရှင်မဟုတ်ဘဲ အချိန်ပိုင်း ဆရာမ တစ်ယောက်က ကိုဝိုင်းလိုလူကိုကပ်တယ်တဲ့လား ၊ မှန်းရဲတယ်နော်။ ရှင်က အာဇာနည်မ ပါလား။ "

" ဒီမှာ မိန်းကလေး မင်းထင်တာ မှားနေတယ်။ ဒို့က မောင့်ကိုရိုးရိုးသားသားချစ်တာပါ။ ဘာကိုမှမမက်ဘူး ၊ မောင့်ကိုဘဲ ချစ်တာ မြတ်နိုးတာ။ "

" အမလေး ၊ မောင်တဲ့လား။အဟင်း..ဟင်း။
ကြားရတာ နားဝမှာ အားမရလိုက်တာရှင်။
ကျွန်မကုန်ကုန်ပြောမယ် ၊ ရှင် ကိုဝိုင်းကို မေ့ပစ်လိုက်တော့။ "

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now